ရောက်တတ်ရာရာ အတွေးများ
ကမ္ဘာကျော်လာဦးမည်လော
စစ်ကိုင်းတိုင်းဒေသကြီးအင်း
တော်မြို့နယ်မော်လူးဒေသစဥ့်ခိုး
ကျေးရွာသင်္ချိုင်းကုန်းသည်မူးယစ်
ဆေးဝါးရောင်းဝယ်ရာတွင်တရားဝင်
ဟင်းသီးဟင်းရွက်ရောင်းကြသလို
စည်ကားသိုက်စွာရောင်းချနေကြ
သည်ဟုသိရသည်။
ထိုသင်္ချိုင်းကုန်းသည်လူသေများ
ကိုဝါးမျိုနေသည်မဟုတ်မော်လူးဒေသရှိမြန်မာ့နာဂတ်ဖြစ်ကြသောလူ ငယ်များကိုလည်းဝါးမျိုနေပေသည်။
မော်လူးဒေစဥ့်ခိုးသင်္ချိုင်းမှထွက်
ပေါ်နေသောရောဂါဆိုးသည်ကင်ဆာရောဂယထက်ပင်ကြောက်စရာ
ဖြစ်နေလေသည်။အချိန်မီမကုစား
နိုင်လျှင်ဖြင့်မော်လူးဒေသမှလူငယ်
လူရွယ်များရောဂါကျွမ်းကြပေရော့
မည်။
ခုလိုစပါးပေါ်ချိန်တွင်ဘုရားပွဲ
ဈေးတန်းသမျှစည်ကားသည်ဟုထို
နေရာသို့ရောက်ဖူးသောလူငယ်တစ်
ကပြောဖူးသည်။
ကျွန်တော်တို့မော်လူးဒေသမှ
မိဘပြည်သူအပေါင်းတို့ထိုရောဂါ
ဆိုးကိုကျွန်တော်တို့မည်ကဲ့သို့ကာ
ကွယ်ကြမည်းနည်း။အချိန်မီမကွယ်
သော်မကြာသောတနေ့သား၊သမက်
တူ၊ဦးလေး၊ညီ၊အစ်ကိုတို့အားကူး
စက်လာပေရော့မည်။
သက်ဆိုင်ရာကိုးနေသ၍မော်လူး
ဒေသလူငယ်လူရွယ်တို့မူးယစ်ဆေး
ကသတ်ပစ်၍ကုန်ပေလိမ့်မည်။တခု
ခုကြံစည်ကာတားဆီးကြဖို့သင့်ပေပြီ။
လူငယ်လရွယ်တို့ကြားမူးယစ်
ဆေးသုံးစွဲခြင်းကိုရှက်ရကောင်းမှန်း
မသိကြတော့ပေ။လူငယ်လူရွယ်တို့
ကြားထို့အသိရှိနေခြင်းသည်အဆိုး
ဝါးဆုံးဖြစ်သည်။ကြာသော်ထိုအသိ
ကိုဖယ်ရှားဖို့အတော်ခက်ပေလိမ့်
မည်။
တခုခုတော့ထလုပ်ကြဖို့အချိန်
ရောက်ပါပြီဆိုတာအသိပေးနိုးဆော်
လိုက်ရပါသည်မော်လူးဒေသလူငယ်
တို့တန်ဖိုးကိုသိသူအပေါင်းတို့
ခင်ဗျာ။
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်
0 comments:
Post a Comment