Pages

Monday, 26 October 2015

ပြည်ခိုင်ဖြိုး မရှုမလှရှုံးနိုင်သည်ဟုဆိုသော လျှို့ဝှက်စာတမ်းကို ဦးရွှေမန်းခွင့်ပြုချက်ဖြင့်ပြုစုခဲ့ခြင်းဖြစ်

ပြည်ခိုင်ဖြိုး မရှုမလှရှုံးနိုင်သည်ဟုဆိုသော လျှို့ဝှက်စာတမ်းကို ဦးရွှေမန်းခွင့်ပြုချက်ဖြင့်ပြုစုခဲ့ခြင်းဖြစ်


လာမည့် ရွေး ကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ မရှုမလှရှုံးဖွယ်ရှိဟု ခန့်မှန်းဖော် ပြချက်များပါရှိသည့် လျှို့ဝှက်စာ တမ်းကို ပါတီဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်း ခွင့်ပြုချက်ဖြင့် ပါတီမှ ဗဟိုကော်မတီဝင်များက ရေးဆွဲ ခဲ့ခြင်းဖြစ်သည်ဟု သူရဦးရွှေမန်း က ဆိုသည်။


‘‘ဒီစာတမ်း အခြေခံဖြစ်ပေါ် လာတာက နိုင်ငံခြားသားပညာ ရှင်ပေါ်အဓိကမဟုတ်ဘဲနဲ့ ပြည် ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ် စားလှယ်တွေ၊ တခြားလွှတ်တော် ကိုယ်စားလှယ်မဟုတ်သော ပညာရှင်များ၊ သုတေသနပြုချက်အပေါ်မူတည်ပြီး ထွက်ပေါ်လာတဲ့ စာတမ်းဖြစ်ပါတယ်’’ဟု သူရဦးရွှေမန်းက အောက်တိုဘာ ၂၅ ရက်တွင် ပြောသည်။

အဆိုပါစာတမ်းကို နိုင်ငံ ခြားသားပညာရှင်နှစ်ဦး၊ ပြည်သူ့ အခြေအနေမှန်ကိုသိရှိသည့် ပြည် ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ် စားလှယ်များနှင့် ပြည်ပပညာရှင် များဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါစာတမ်းတွင် ပြည် ခိုင်ဖြိုးပါတီအနေဖြင့် လက်ရှိရွေး ကောက်ပွဲမဲဆွယ်ကာလတွင် အ ခြေခံထားရမည့် မူ ၁၅ ချက်ကို အကြမ်းဖျင်းရေးဆွဲထားကြောင်း ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုး မရှုမလှရှုံးဖွယ်ရှိသည်ဟုပြည်ခိုင်ဖြိုး လျှို့ဝှက်စာတမ်း ဟောကိန်းထုတ်ထားခေါင်းစဉ်ဖြင့်အွန်လိုင်းမီဒီယာ တစ်ခုဖြစ်သော မဇ္စျိမသတင်းဌာနက အောက်တိုဘာ ၁၁ ရက်က ဖော်ပြခဲ့သည်။

၂၀၂၅ တွင် မြန်မာကို အ လယ်အလတ်ဝင်ငွေရှိ စီးပွားရေး နိုင်ငံတစ်ခုအဖြစ်သို့ ဖွံ့ဖြိုးလာ မည်ဟု မျှော်မြင်ထားသည့် ဦးရွှေ မန်း၏ ၁၀ နှစ်တာ မျှော်မှန်းချက် ကို ချပြထားသော ပြုပြင်ပြောင်း လဲရေးဖွံ့ဖြိုးမှု စီမံကိန်းတွင် အ ကြမ်းဖျင်းအနေဖြင့် မျိုးစေ့ချ၊ အ ပင်ပေါက်၊ ကြီးထွား၊ ရိတ်သိမ်း ဟူသည့် အဆင့်လေးဆင့်ဖြင့် အ ဆိုပါစာတမ်းကို ဖော်ပြထားသည် ဟု ဆိုသည်။

ထို့အပြင် လာမည့် ရွေး ကောက်ပွဲတွင် အဆိုးရွားဆုံးအ ဖြစ် ပြည်ခိုင်ဖြိုးက ပြည်သူ့လွှတ် တော်တွင် အမတ် ၁၆နေရာအထိ လျော့နည်းကျဆင်းသွားနိုင်ပြီး အင်န်အယ်လ်ဒီနှင့် တိုင်းရင်းသား ပါတီများက အများစုရသွားနိုင် သည်။ ပိုမိုလက်ခံနိုင်ဖွယ်ရာရှိ သည့် ခန့်မှန်းချက်တစ်ခုတွင်လည်း ပြည်ခိုင်ဖြိုးက အမတ်နေရာ ၁၀၅ နေရာဖြင့် ၁၁၇ နေရာရသည့် အင်န်အယ်လ်ဒီ နောက်တွင် နောက်ကောက်ကျ ကျန်ရစ်နေဖွယ်ရှိသည်ဟုလည်း အဆိုပါစာတမ်းကို ကိုးကား၍ မဇ္စျိမက ရေးသားသည်။

ကြေညာစာတမ်းတွင် ရေး ဆွဲထားသည့် ပေါ်လစီအချို့မှာ လျှို့ဝှက်အပ်သည်ဟု ယူဆသော ကြောင့် ဗဟိုကော်မတီသို့ မတင် ပြသကဲ့သို့ လူထုသို့ သတင်းထုတ် ပြန်ရန် မရည်ရွယ်ခဲ့သည်ဟု ဆို သည်။ အထူးသဖြင့် လူထုအကျိုး အတွက် စစ်တပ်နှင့် ချိတ်ဆက် ထားသော လုပ်ငန်းစုကြီးများကို ပြုပြင်ပြောင်းလဲရေးနှင့် ရဲတပ်ဖွဲ့ ခေတ်မီရေး ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်သည့် သတင်းအချက် များလည်း ပါဝင်သည်ဟု ဖော်ပြ ထားသည်။

ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ယင်းစာတမ်းထွက်ပေါ်လာခြင်းသည် ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးကို အားနည်းမှုရှိအောင် ပြုလုပ်သည်ဟု ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

ထိုကဲ့သို့ ပြောကြားမှုအပေါ် သူရဦးရွှေမန်းက‘‘ဒီစာတမ်းထွက် ပေါ်လာခြင်းဟာ ရွေးကောက်ပွဲ အတွက် စည်းရုံးရေးကို ထိခိုက် အောင် တမင်ရည်ရွယ်ပြီးလုပ် တယ်လို့ မယူဆပါဘူး’’ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဖြူးမြို့နယ်မှ ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်မည့် သူရဦးရွှေ မန်းသည် ဖြူးမြို့နယ်ရှိ ဥသျှစ် ခင်၊ သပြေခင်၊ စက်ရုံကုန်းစသည့် ကျေးရွာများသို့ အောက်တိုဘာ ၂၅ ရက်က သွားရောက်၍မဲဆွယ် စည်းရုံးခဲ့သည်။

ထို့အပြင် ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ခက်ခဲမည်ဟု ၎င်းက ဆိုသည်။

0 comments:

Post a Comment