Pages

Thursday, 15 October 2015

သတိဖြည်းဖြည်း​မောင်း ​ရှေ့မှာလမ်းပြင်​​နေသည်​။

မော်​လူးမှ ဆိုင်​ကယ်​/ကား အသုံးပြုသူများ၊လုပ်​ငန်းရှင်​များ သတိထားနိုင်​​ရန်​ ​စေတနာနှင့်​ ​ရေးတင်​ပါတယ်​.....(၁၅.၁၀.၂၀၁၅)ရက်​​နေ့
မော်​လူး အ.ထ.က ​ကျောင်း​ရှေ့ မှာစာရွက်​​ဝေ​နေလို့ ယူခဲ့ပါတယ်​.....
ဒဏ်​​ငွေ​​ဆောင်​​နေရမှာစိုးလို့၊ရွာဘက်​ကအမျိုး​တွေ ​ခြေလျင်​သာလာကြပါ၊ပစ္စည်းများသယ်​လျှင်​လည်းနွားလှည်း​ပေါင်းမိုးနဲ့သာလာကြပါ။အရင်​​ခေတ်​က ယဉ်​​ကျေးမှုပုံစံ​ပျောက်​မှာစိုးလို့ ......
လမ်း​လျှောက်​တာ​တော့ ကျမ်းမာ​ရေးအ​ထောက်​အကူပြု​အောင်​လို့ပါ...........
ကဲ များများ ​ပြော​ပေးကြပါ.........ဗျာ........

(၇.၉.၂၀၁၅)ရက်​​နေ့က ပြဌာန်းလိုက်​​သော ​မော်​​တော်​ယဉ်​ဥပ​ဒေသစ်​တဲ့
၁။မည်​သူမဆိုမည်​သည့်​အချိန်​၌ ဦးထုပ်​မ​ဆောင်း(သို့)မေးသိုင်းကြိုးမတပ်​လျှင်​ ပုဒ်​မ(၅၈)အရ ဒဏ်​​ငွေ ၃၀၀၀၀/ကျပ်​ ချမှတ်​ခံရမည်​။
၂။ယ​ဉ်​​မောင်းလိုင်​စင်​မရှိ(သို့)သက်​တမ်းကုန်​လျှင်​​သော်​လည်း​ကောင်း​၊ယဉ်​ပိုင်​ရှင်​/ယဉ်​တာဝန်​ခံမှ ယဉ်​​မောင်းလိုင်​စင်​မရှိသူကို ​မောင်းနှင်​​စေခြင်း၊​မောင်းနှင်​ခွင့်​ပြုလျှင်​ ပုဒ်​မ(၅၈) အရ ဒဏ်​​ငွေ၅၀၀၀၀/ကျပ်​ဖြစ်​​စေ၊​ထောင်​ဒဏ်​တစ်​လထက်​မပို​သောပြစ်​ဒဏ်​ဖြစ်​​စေ၊ဒဏ်​နှစ်​ရပ်​လုံးဖြစ်​​စေ ချမှတ်​မည်​။
၃။ယဉ်​၏​နောက်​ကြည့်​မှန်(သို့)​အိတ်​​ဇောရှိအသံထိန်း​ကိရိယာ မပါပဲ ​မောင်းနှင်​လျှင်​ ပုဒ်​မ(၆၂) အရ ဒဏ်​​ငွေ၃၀၀၀၀ကျပ်​ထက်​မပို​သော ပြစ်​ဒဏ်​ချမှတ်​မည်​။
၎။မိမိအားထုတ်​​ပေးထားသော ယဉ်​​မောင်းလိုင်​စင်​အား လက်​၀ယ်​မထားပဲ အများပြည်​သူဆိုင်​ရာ​နေရာတွင်​ မည်​သည့်​ယဉ်​ကိုမျှမ​မောင်းရ။မောင်းနှင်​ခြင်းပြုလုပ်​လျှင်​ ပုဒ်​မ(၆၂) အရ ဒဏ်​​ငွေ၃၀၀၀၀ကျပ်​ထက်​မပို​သော ပြစ်​ဒဏ်​ချမှတ်​မည်​။
၅။မိမိအားခွင့်​ပြုထား​သောယဉ်​​မောင်းလိုင်​စင်​၌ ခွင့်​ပြုထားခြင်းမရှိ​သောယဉ်​ကို​မောင်းနှင်​လျှင်​ ပုဒ်​မ(၅၈)အရ တစ်​လထက်​မပို​သော​ထောင်​ဒဏ်​(သို့)
ဒဏ်​​ငွေ၃၀၀၀၀ကျပ်​ထက်​မပို​သော ​ငွေဒဏ်ဖြစ်ေ​စ၊ ဒဏ်နှစ်ရပ်လုံးဖြစ်​​စေ ချမှတ်ခံရမည်​။
၆။မည်​သူမဆို ယဉ်​အားသတ်​မှတ်​အမြန်​နှုန်းထက်​ပို​မောင်းခြင်း၊​ဘေးအန္တရာယ်​ဖြစ်​​စေနိုင်​​သော မူးယစ်​​ဆေးဝါး(သို့)အရက်​​သေစာ​သောက်​စားမူးယစ်​၍ ​မောင်းနှင်​လျှင်
ပုဒ်​မ(၅၈​)အရ တစ်​လထက်​မပို​သော​ထောင်​ဒဏ်​(သို့) ဒဏ်​​ငွေ၅၀၀၀ကျပ်​ထက်​မပို​သော​ငွေဒဏ်​ဖြစ်​​စေ၊ဒဏ်​နှစ်​ရပ်​လုံးဖြစ်​​စေ ချမှတ်​ခံရမည်​။
၇။မည်​သူမျှလုပ်​ငန်းလိုင်​စင်​မရှိဘဲ ယဉ်​အားထိန်းသိမ်းခြင်း၊လုပ်​ကိုင်​ခြင်းပြုလျှင်​ ပုဒ်​မ(၅၈) ( က)အရ တစ်​လထက်​မပို​သော​ထောင်​ဒဏ်​၊၅၀၀၀၀ကျပ်​ထက်​မပို​သော ​ငွေဒဏ်​ဖြစ်​​စေ၊ဒဏ်​နှစ်​ရပ်​လုံးဖြစ်​​စေ ချမှတ်​ခံရမည်​။
၈။မည်​သူမျှယာဉ်​နံပါတ်​ပြား မထင်​မရှား၊ထင်​​ယောင်​ထင်​မှားပြုလုပ်​ခြင်း၊မမှန်​ကန်​​သောနံပါတ်​ပြားကို ယဉ်​တွင်​ တပ်​ဆင်​အသုံးပြုလျှင်​ ပုဒ်​မ(၆၁)အရ ထိုသူကို၃လထက်​မပို​သော​ထောင်​ဒဏ်​ဖြစ်​​စေ၊(၁)သိန်းထက်​မပို​သော​ငွေဒဏ်​ဖြစ်​​စေ၊ဒဏ်​နှစ်​ရပ်​လုံးဖြစ်​​စေချမှတ်​ခံရမည်​။
၉။မည်​သူမဆို ယဉ်​အကူလက်​မှတ်​မပါ/မရှိ၊သတ်​မှတ်​ထားသည့်​ ၀န်​အင်​အားထက်​ပို​သောယဉ်​ကို​မောင်းနှင်​ခြင်း၊ယဉ်​​မောင်းနှင့်​လိုက်​ပါစီးနှင်းသူများသည်​ အသက်​ကယ်​ထိုင်​ခုံခါးပတ်​ မတပ်​ဆင်​ခြင်း၊ဥပ​ဒေနှင့်​အညီ အခွင့်​အာဏာမရှိဘဲ၊ခိုင်​လုံ​သောအ​ကြောင်းပြချက်​မရှိဘဲ ယဉ်​၏မူလရုပ်​သဏ္ဍာန်​ ပျက်​ပြား​စေသည်​အထိ ပြုပြင်​​ပြောင်းလဲခြင်း၊စက်​ကိရိယာပြုပြင်​ခြင်း၊ယာဉ်​စစ်​​ဆေးချက်​လက်​မှတ်​(VIC)ပါ အ​နေအထားကို ပြုပြင်​​ပြောင်းလဲခြင်းပြုလုပ်​လျှင်​ ပုဒ်​မ(၆၂) အရ ဒဏ်​​ငွေ(၃)​သောင်းထက်​မပို​သော​ငွေဒဏ်​ချမှတ်​နိုင်​သည်​။
၁၀။မည်​သူမဆိုယာဉ်​အား​ပေးကမ်းခြင်း၊​ရောင်းချခြင်းတို့တွင်​ စာချုပ်​ချုပ်​ဆိုသည့်​​နေ့ရက်​မှ ရက်​​ပေါင်း(၃၀)အတွင်း မှတ်​ပုံတင်​သူအမည်​​ပြောင်းလဲခြင်းပျက်​ကွက်​လျှင်​ အမည်​​ပြောင်း​လျှောက်​ရာ၌ အချက်​အလက်​​နေ့စွဲမမှန်​မကန်​​ဖော်​ပြလျှင်​/ချန်​လှပ်​လျှင်​ ပုဒ်​မ(၆၃)အရ ဒဏ်​​ငွေကျပ်​(၁)သိန်းထက်​မပို​သော​ငွေဒဏ်​ ချမှတ်​နိုင်​သည်​။
၁၁။မည်​သူမျှ ဦးစီးဌာနက ထုတ်​​ပေးသည့်​ စာတမ်းအမှတ်​အသားကို သက်​ဆိုင်​ခြင်းမရှိသည့်​ အခြားယဉ်​တွင်​ ​ပြောင်းလဲသုံးစွဲ​စေခြင်းပြုလျှင်​ ပုဒ်​မ(၆၄) အရ(၆)လထက်​မပို​သော​ထောင်​ဒဏ်​ ၊ကျပ်​(၃)သိန်းထက်​မပို​သော​ငွေဒဏ်​ဖြစ်​​စေ၊ဒဏ်​နှစ်​ရပ်​လုံးဖြစ်​​စေ ချမှတ်​မည်​။
၁၂။မည်​သူမျှအခြားသူတစ်​ဦးဦး၏ယာဉ်​​မောင်းလိုင်​စင်​၊ယာဉ်​အကူလက်​မှတ်​ကို အသုံးပြု၍ ယာဉ်​​မောင်းနှင်​ခြင်း၊ယာဉ်​အကူအဖြစ်​ပါဝင်​​ဆောင်​ရွက်​ခြင်းပြုလျှင်​ ပုဒ်​မ(၆၂)အရ ကျပ်​(၃​)သောင်းထက်​မပို​သော​ငွေဒဏ်​ ချမှတ်​မည်​။
၁၃။မည်​သူမဆိုမှတ်​ပုံတင်​ထားခြင်းမရှိ​သောယာဉ်​၊မှတ်​ပုံတင်​ဖျက်​သိမ်းထားပြီး​သော ယာဉ်​များအား
အများပြည်​သူဆိုင်​ရာ​နေရာတွင်​​တွေ့ရှိရပါက ထိန်းသိမ်းအ​ရေးယူခြင်းခံရမည်​။
၁၄။ယာဉ်​၏မှတ်​ပုံတင်​သက်​​သေခံလက်​မှတ်​၊ယာဉ်​​မောင်းလိုင်​စင်​၊ယာဉ်​အကူလက်​မှတ်​၊ယာဉ်​စစ်​​ဆေးချက်​ သက်​​သေခံလက်​မှတ်​များကို ကြည့်​ရှူစစ်​​ဆေးရာတွင်​ ယုံကြည်​ရန်​အ​ကြောင်းမရှိလျှင်​ အဆိုပါ သက်​​သေခံအ​ထောက်​အထားများကို သိမ်းယူနိုင်​သည်​။
အင်း​တော်​မြို့နယ်​ယာဉ်​စည်းကမ်းထိန်းသိမ်း​ရေးအဖွဲ့..........။

0 comments:

Post a Comment