Pages

Sunday, 18 October 2015

အ​မေစု ရခိုင်​စည်းရုံး​ရေးခရီးစဉ်​​အောင်​မြင်​စွာပြီးဆုံး

လုံခြုံရေး စိုးရိမ်မှုများ ရှိခဲ့သော ရခိုင်ပြည်နယ် တောင်ကုတ်၊ သံတွဲ၊ ဂွမြို့များသို့ သုံးရက်ကြာ သွားရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးစဉ်တွင် တစ်စုံတစ်ရာ ပြဿနာမရှိဘဲ ပြီးဆုံးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ခရီးစဉ်ကို အောက်တိုဘာ ၁၆ ရက်တွင် ရန်ကုန်မြို့မှ သံတွဲမြို့သို့ လေကြောင်းခရီးဖြင့် စတင်သွားရောက်ခဲ့ပြီး သံတွဲမြို့မှတစ်ဆင့် တောင်ကုတ်မြို့သို့ ကားလမ်းခရီးဖြင့် သွားရောက်ကာ တောင်ကုတ်မြို့တွင် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်။

မူလက ဒေါ်အောင်ဆန်းစုကြည် သံတွဲမြို့သို့ ရောက်ရှိစဉ် ဆန္ဒပြမှုများ လုပ်ဆောင်ရန် ခွင့်ပြုချက် လျှောက်ထားသူများ ရှိခဲ့သော်လည်း ငြိမ်းစုစီ ဥပဒေအရ သတ်မှတ်ရက်အတွင်း မလျှောက်ထားသဖြင့် ရဲတပ်ဖွဲ့မှ ခွင့်မပြုသည့်အပြင် ကာယကံရှင်များကလည်း လျှောက်ထားမှုအား ပြန်လည် ရုပ်သိမ်းခဲ့သည်။

သို့ရာတွင် ခွင့်ပြုချက် မရရှိသော်လည်း ဆန္ဒပြခွင့် တင်သွင်းစဉ်က ဦးဆောင်ပါဝင်ခဲ့သူ နှစ်ဦးအနက် တစ်ဦးက တောင်ကုတ်မြို့တွင် ဆန္ဒပြမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်း မရှိဘဲ တောင်ကုတ်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲသို့လည်း လူတစ်သောင်းခန့် တက်ရောက်ခဲ့သည်။

ထိုသို့ ဆန္ဒပြရန် စီစဉ်ခဲ့သူများသည် ဆန္ဒပြခြင်း မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်သည့် နေရာအချို့အား ကားဖြင့်လိုက်ပါ စောင့်ကြည့်မှုများ ရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။

ယင်းကဲ့သို့ ဆန္ဒပြရန် စီစဉ်မှုအပေါ် တောင်ကုတ်နှင့် သံတွဲမြို့မှ မြို့မိမြိုဖ အများအပြားက မြို့အမည်ပျက်မည် စိုးသောကြောင့် လက်မခံကြောင်း ပြောကြားမှုများ ရှိသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် သံတွဲမြို့၌ ဟောပြောပွဲ ပြုလုပ်ခဲ့ပြီး သံတွဲမြို့မှ ဂွမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကာ လမ်းတစ်လျှောက်တွင် ကျေးရွာတိုင်းနီးပါးမှ ကြိုဆိုမှုများ ပြုလုပ်ခဲ့ကြပြီး ညနေပိုင်း၌ ဂွမြို့သို့ ရောက်ရှိကာ

ညအိပ်ရပ်နားခဲ့သည်။

ထို့နောက် အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ဂွမြို့တွင် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောမှုများ ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် ဟောပြောပွဲတွင် ဘာသာရေး၊ လူမျိုးရေးများနှင့် ပတ်သက်သည့် မေးခွန်းများကို ပြည်သူများက အဓိက မေးမြန်းခဲ့ကြသည်။

“အဲဒီမေးခွန်းက ကျွန်မ တစ်နိုင်ငံလုံးမှာ အမေးခံရတယ်။ ရခိုင်မှာတင် မဟုတ်ဘူး။ အဲဒီတော့ ဒီဟာက တစ်စုတစ်ဖွဲ့ကနေပြီးတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျ ၀ါဒဖြန့်ချိရေး လုပ်နေတယ်လို့ ဒီလိုပဲ ထင်ပါတယ်။ ကျွန်မ တစ်ယောက်တည်း မဟုတ်ဘူး။ အစိုးရတစ်ခုဆိုတာ ဒီမိုကရေစီ အစိုးရ တစ်ခုဆိုတာ လုပ်ချင်တိုင်း လုပ်လို့ရတာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က တောင်ကုတ်ဒေသခံများအား ဆိုသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် ဘာသာရေး၊ လူမျိုးရေးနှင့် ပတ်သက်၍ မဟုတ်မမှန် ပြောကြားနေသူများ သတ္တိရှိပါက စာဖြင့် တရားဝင် စွပ်စွဲရေးသားနိုင်ပြီး တရားဥပဒေဘောင် အတွင်းမှ ရင်ဆိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က သံတွဲဒေသခံ တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ဂွမြို့မှ ရန်ကုန်မြို့သို့ ဧရာဝတီတိုင်း ဒေသကြီးမှ ကားလမ်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဧရိယာအ၀င်မှ စတင်ကာ ကြိုဆိုသူ များပြားခဲ့ပြီး ငါးသိုင်းချောင်းမြို့ လမ်းခွဲတွင် ခေတ္တကားပေါ်မှ ဟောပြောခြင်း၊ ရေကြည်မြို့တွင် ဟောပြောပွဲ ပြုလုပ်ခြင်း၊ ကျုံပျော်မြို့တွင် ဟောပြောပွဲ ပြုလုပ်ခြင်းတို့ ဆောင်ရွက်ကာ ရန်ကုန်မြိုသို့ ပြန်လည်ရောက်ရှိခဲ့သည်

0 comments:

Post a Comment