မကြာမီကာလအတွင်းတွင် ကျွန်တော်တို့မြန်မာနိုင်ငံ ရေးစနစ်ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် ကျွန်တော်တို့မြန်မာ နိုင်ငံသားများဟာ မဟာ့ မဟာ အခွင့်အရေးကြီးတစ်ရပ်ကိုရရှိ ကြပေတော့မည် ဖြစ်ပေသည်။ ယင်းသို့ရရှိလာသည့် အခွင်အ ရေးကို ကျွန်ူပ်တို့နိုင်ငံသားများဟာ မိမိရရ မှန်မှန်ကန်ကန်အ သုံးချနိုင်ရန်မှာလည်း အရေးကြီးသောကဏ္ဌတစ်ခုအဖြစ်လက် ခံယုံကြည်ကြရပေမည်။သို့မှသာ ကျွန်ူပ်တို့ဆယ်စုနှစ်ပေါင်းများ စွာရုန်းကန်လုပ်ရှားမျှော်လင့်ခဲ့ရသည့် ဒီမိုကရေစီပန်းတိုင်ကြီး ဆီသို့ အတိုင်းအတာတစ်ခုအထိ ရှေ့ခရီးကိုဆက်လက်လျှောက် လှမ်းနိုင်ကြရပေမည်ဖြစ်သည်။ ဘာ့ကြောင့်ဒီလိုပြောတာလည်း ဟုမေခဲ့သည်ရှိသော် ယခုလက်ရှိအစိုးရလက်ထက် ပထမ သမ္မ တသက်တန်း ငါးနှစ်သာကုန်လွန်သွားသော်လည်း ဒီမိုကရေစီစ နစ်ကိုပီပြင်စွာ မဖော်ဆောင်နိုင်ခဲ့သောကြောင့် မကြာခင်ကာလ တွင်ကျင်းပပြုလုပ်တော့မည့် ၂၀၁၅ ခု နိုဝင်ဘာ ၈ ရက်နေ့ မြန်မာနိုင်ငံတွင်ကျင်ပပြုလုပ်မည့် အထွေထွေရွေ့ကောက်ပွဲကြီး မှသည် အမှန်တကယ်ပင် ဒီမိုကရေစီစနစ်သို့ပီပြင်စွာ ပြောင်းလဲ ပြစ်နိုင်သည့်မျှော်လင့်အခြေအနေတစ်ရပ် တနည်းအားဖြင့် အ ခွင့်အရေးကြီးတစ်ရပ်ေါ်ပေါက်လာသောကြောင့်ပင်တည်း။သတင်း ဆောင်းပါးများနှင့် အမှန်တရားအတွက်ရဲရဲဝံဝံရင်ဆိုင်တိုက်ပွဲဝင် ခဲ့သည့်ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကလည်း ဒီလိုကောက် ချက်ချပြောခဲ့ဖူးပါသည်။
0 comments:
Post a Comment