&ရောက်တတ်ရာရာ အတွေးများ &
ဘယ့်နယ်လိမ်ပါ့မယ်
~~~~~~~~~~~~~
ကမ္ဘာကြီးနှဲ့ချိန်ထိုးကြည့်ကြစို့။
မြန်မာပြည်ကြီးဟာဖွံ့ဖြိုးတိုးတက်မှု
အရမ်းနောက်ကျနေတဲနိုင်ငံဖြစ်ပါ
တယ်။
ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်ထာဝရ
ငြိမ်းချမ်းရေးရှိဖို့လိုတယ်။ငြိမ်း
ချမ်းရေးရဖို့ဆိုရင်စစ်မှန်တဲ့ဒီမိုကရေ
စီရှိဖို့လိုတယ်။စစ်မှန်သောဒီမိုကရေ
စီရ္ဗိဖို့ဆိုရင်လက်ရှိဖွဲ့စည်းပုံကြီးပြင်
ကြရမယ်။
ဒီနေ့လက်အရှိတရားတစ်ခုက
အနေနဲ့ပြောရရင်မြန်မာနိုင်ငံဟာ
လာဘ်ပေးလာဘ်ယူ မှုတွေဒင်း
ကြမ်းပြည့်နေတယ်။ဒါကိုပြုပြင်ဖို့တရားဥပဒေစိုးမိုးရေးကမရှိမဖြစ်
လိုအပ်နေတယ်။
ဒါတွေဒါတွေဘာတစ်ခုမှမပြည့်စုံမြန်မာနိုင်ငံဒီလိုအပ်ချက်တွေကို
သိသိသာသာ ပြောင်းလဲလာအောင်
လုပ်မပေးနိုင်ခဲ့တဲ့အာဏာရပါတီ
၂၀၁၅အထွေထွေရွေးကောက်ပွဲမဲ
ဆွယ်စည်းရုံးရေးကာလမှာပြည်သူ
တွေကိုဘယ်လိုစကားလုံးတွေနဲ့
မဲဆွယ်စည်းရုံးကြမလဲ။
ငြိမ်းချမ်းရေးNoပဲ။၂၀၀၈ဖွဲ့စည်း
ပုံပြင်ဖို့။ဟန်ပြလုပ်ဆောင်ပြတာက
လွဲရင်ဘာမှမရှိခဲ့ဘူး။တရားဥပဒေ
စိုးမိုး ရေးတောင်ဆိုးလာလေသ
လားထင်ရတယ်။
ဒါဆိုငါးနှစ်တာကာလအတွင်း
ဘာတစ်ခုမှပြောင်းလဲမှုမပေးနိုင်
ခဲ့တဲ့အာဏာရပါတီပြည်သူကို
ဘယ်လိုစည်းရုံးကြမှာပါလိမ့်။
အထက်ပါပြောခဲ့သောအရာတွေ
နဲ့မဲဆွယ်စည်းရုံးကြမယ်ဆိုရင်
တော့လေ ပြည်သူတို့ရေအဲတာ
ဗြောင်လိမ်တာ ပဲဗျို့။
ပြည်သူတို့ရေအမှန်မြင်ဖို့ဆိုရင်
အမြင်မှန်ဖို့လိုနေပါပြီ။ဟုတ်တယ်လေကျုပ်တို့တတွေအလိမ်ခံရတာ
များလို့လိမ်နေကြမှန်းသတိမထား
မိကြတာနစ်ပေါင်းကြာခဲ့ပြီလေ။
ထပ်ပြီးအလိမ်မခံကြပါနဲ့တော့လို့
နော့.....။
ဘဝခရီးသည်
ဘဝအမောတွေပြေကြပါစေ
0 comments:
Post a Comment