Pages

Wednesday, 7 October 2015

မော်​လူးသူ/​မော်​လူးသားများ သတိရှိကြ​စေဖို့

သတိရှိကြစေဖို့

(၆.၇.၂၀၁၅)ရက်​​နေ့ နမ္မား-မိုးညှင်း ပြည်​​ထောင်​စုလမ်းမကြီးလမ်း​ပေါ်၌ လုယက်​မှုဖြစ်​ပွားသည်​ဟု သတင်းရရှိပါသည်​။ကျောင်းဆရာမဖြစ်​​သူ တစ်​​ယောက်​တည်း ဆိုင်​ကယ်​စီးပြန်​လာစဉ်​ ​နောက်​မှလူနှစ်​​ယောက်​ဆိုင်​ကယ်​တစ်​စီးနှင့်​လိုက်​လာပြီးလူပြတ်​​သော​နေရာသို့​ရောက်​​သောအခါ ဆွဲကြိုးအားဆွဲဖြတ်​ကာ ဆိုင်​ကယ်​နှင့်​​မောင်း​ပြေးကြသည်​။ဆွဲကြိုးမှာနှစ်​ကျပ်​သားခန့်​ရှိပြီး လုခံရ​သောဆရာမမှာ ရုတ်​တရက်​မို့​ကြောင်​တက်​ကာ ထိုသူနှစ်​​ယောက်​​နောက်​သို့ အမှီလိုက်​​မောင်း​လေသည်​။ အရှိန်​တစ်​အားမြန်​​သော​ကြောင့်​ မထိန်းနိုင်​ပဲဆိုင်​ကယ်​နှင့်​လူ​ မြောင်းထဲထိုးကျကာ တစ်​ရက်​​လောက်​သတိ​မေ့​နေသည်​ဟု သိရပါသည်​။ယခုမိုးညှင်း​ဆေးရုံသို့​ ​ရောက်​ရှိ​ဆေးကုသမှုခံယူ​နေပြီး မျက်​နှာနှင့်​ခန္ဓာကိုယ်​အနှံ့ပွန်း​ပဲ့ဒဏ်​ရာများရရှိကာ လက်​တစ်​ဖက်​လည်းကျိုးသွား​ကြောင်း သိရသည်​။
ခရီး​ဝေးသွား​သောသူများ သတိထားကြဖို့၊အန္တရာယ်​ဖိတ်​​ခေါ်​သောတန်​ဖိုးရှိပစ္စည်းများမလိုအပ်​ပဲဝတ်​ဆင်​၍သွားလာခြင်းမပြုကြရန်​နှင့်​လုံလုံခြုံခြုံဝတ်​စားသွားလာကြဖို့ သတိ​ပေးချင်​ပါတယ်​ခင်​ဗျာ။ မြို့ကြီးများ၌လည်း လုယက်​မှုများ မကြာခဏကြား​နေရ၍ ခရီးသွားလာရာတွင်​ သတိရှိကြဖို့လိုအပ်​ပါတယ်​။ ထိုသို့ဖြစ်ရခြင်းများမှာ ဆ​​​င်းရဲမွဲ​တေမှုများလာ​သော​ကြောင့်​လည်း​ကောင်း၊လူငယ်​များမူးယစ်​​ဆေးဝါးသုံးစွဲမှုများ​ကြောင့်​လည်း​ကောင်း၊ပြည်​တွင်းစစ်​​ဘေးများ​ကြောင့်​လည်း​ကောင်း အမှုအခင်းများ ထူ​ပြောလာခြင်းဖြစ်​သည်​ဟုထင်​သည်​။ "ဆင်းရဲမွဲ​တေမှု၏​နောက်​ဆက်​တွဲမှာ ရာဇ၀တ်​မှုထူ​ပြောလာမည်​" မှာ အ​​သေအချာပင်။တာဝန်ရှိသူတို့်အကျင့်မှာလည်း မဖြစ်​ခင်​ကြိုတင်​တားဆီးဖို့ရာထက် ဖြစ်​လာမှသာ ​ဆောင်​ရွက်​တတ်​​ကြသော​ကြောင့် ပြ​ည်သူုတို့ မိမိတို့ဘ၀ကို မိမိတို့ကိုယ်တိုင်​​သာ ကာကွယ်​သတိရှိကြဖို့ တိုက်​တွန်းလိုက်​ပါရ​စေခင်​ဗျာ။

0 comments:

Post a Comment