ရောက်တတ်ရာရာအတွေးများ
ခြင်္သေ့.ပုံပြင်
~~~~~~
ဟန်ဆောင်ပြီးပြောတဲ့စကား
နားဝင်ချိုပေမဲ့မျိုလိုက်ရင်ခါးသီး
တယ်။
တိုင်းပြည်တိုးတက်အောင်လုပ်
ဆောင်ပြမတဲ့။ငါးနှစ်သက်တမ်းတစ်
ခုသာကုန်သွားတယ်ဘာတိုးတက်
မှုမှမယ်မယ်ရရမမြင်ရ။
ကျုပ်ဘဝတလျှောက်ခြင်္သေ့မြက်
စားတယ်ဆိုတာတစ်ခါမှမကြားဖူး။
ထူးတော့ထူးတယ်။အမူးပြယ်ကာမှ
တိုင်းပြည်ကိုထူထောင်ပြ၊ရသမျှ
ဘဏ္ဍာတရာစု စုတစ်စုကတိုင်း
ပြည်အတွက်တဲ့။ဒါထူထောင်တာ
လား။စဉ်းစားပြီးလည်းပြောကြပေါ့။
ပြည်သူ့အသဲကြားကမဲတစ်ပြား
ကိုမြူဆွယ်ဖို့ဖွဲ့စည်းပုံပြင်ဖို့အဆိုတင်
ညာလက်နဲ့ပြင်ဘယ်လက်နဲ့ဖျက်
အတော်အရှက်မရှိတဲ့ဟာတွေ။
တောသုံးတောင်ကတောဘုရင်
ခြင်္သေ့ငယ်စဉ်မှစသေသည်အထိ
မြက်စားတယ်ဆိုတာသားကောင်
တိုင်းမယုံဘူး။အင်း ယုံသူတွေ
တော့ရှိတာပေါ့လေ။ကိုယ့်မျက်စိ
ရှေ့အသားစားတာကိုမြင်ရက်နဲ့
မစားပါဘူး၊လိမ်ညာပြီးမစားပါဘူး။
မစားပါဘူး။ပလီပလာကလီကမာ
ပြောတဲ့အမျိုးတူအသားစားသတ္တ
ဝါတွေကအရိုးအရင်းစားနေရတဲ့
တောကြောင်၊တောခွေး၊ခွေးအ၊
လဒ၊မြေခွေးတွေဘုရင်အကြိုက်
လိုက်ပြောနေကြတယ်။
အံ့ပသြပအချိန်တိုင်းကိုယ့်ဘဝ
အတွက်ရော၊ကိုယ်မျိုးဆက်အနာ
ဂတ်အတွက်ပါအမှောင်ဖုံးအသက်
ဆုံးအောင်လုပ်ကြံနေတဲ့ခြင်္သေ့
သူတို့မို့လို့ဘုရင်တင်ဘုရားထူးချင်
နေကြတယ်။ထွီ...
ဟဲ့ရွှေယုန်ဘာတွေဒေါသ
ထွက်နေတာလဲ။
ဘာဖြစ်ရမလဲဗျ။ခြင်္သေ့နောက်လိုက်တွေပေါ့။သူတို့ဘုရင်ဟာ
အသားမစားပါဘူးတဲ့။မြက်ပဲစားသတဲ့။
မဟုတ်ဘူးလားကွဲ့။
ဘယ်ကလာ။သွားထိပ်မှာအသားစ၊ ခံတွင်းကပုပ်စော်နံ
မေးစေ့မှာသွေးစစိုစိုမြင်နေရတာ
ကိုအသားမစားပါဘူးဆိုတာငအ
တွေ၊အသိဥာဏ်မဲ့သူတွေပဲယုံ
လိမ့်မယ်။ကျုပ်တော့ဖြင့်မယုံပေါင်။
ပုံပြင်လေးကတော့ဒါပါပဲကွယ်။
သတိထားကြနော်။ရွေးကောက်ပွဲ
နီးလာပြီ။သင့်ကိုကျောသပ်လာ
လိမ့်မယ်။
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်
0 comments:
Post a Comment