Pages

Tuesday, 6 October 2015

ဦးထင်​လင်းဦးအား​ချောင်းဦးမြို့နယ်​တရားရုံးမှအမိန့်​ချ

"ဦးထင်လင်းဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၂) နှစ်ချ"

ဘာသာ သာသနာကိုစော်ကားပြောဆိုမှု ပုဒ်မနှင့် တရားစွဲခံထားရသည့် စာရေးဆရာထင်လင်းဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂) နှစ် ကျခံစေရန် ချောင်းဦးမြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်သည်။
စာပေဟောပြောပွဲတွင် ဘာသာရေးအကြောင်းအရာအချို့ကို ထည့်သွင်း ဟောပြောခဲ့သဖြင့် ဘာသာညှိးနွမ်းစေမှု ပုဒ်မများ ဖြစ်သည့် ၂၉၅ (က)၂၉၈ တို့ဖြင့် တရားစွဲခံရပြီး ယနေ့ ဇွန် ၂ ရက် အကြိမ် ၂၀ မြောက် ရုံးချိန်းတွင် ပုဒ်မ ၂၉၅ (က) အရ ထောင်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်။
အမိန့်ချပြီးနောက် တရားရုံးမှ ပြန်အထွက်တွင် 'ကျွန်တော်မရှုံးဘူး၊ ပြန်ထွက်လာရင်လည်း ဘာသာ သာသနာအတွက် အလုပ်လုပ်ဦးမယ်'ဟု ဦးထင်လင်းဦးက ကြွေးကြော်သွားခဲ့သည်။

0 comments:

Post a Comment