Sunday, 4 October 2015
Home »
» ကြက်ဥပြုတ်မကျခြင်းအကြောင်း
ကြက်ဥပြုတ်မကျခြင်းအကြောင်း
05:07
No comments
နိုင်ငံရေးဆိုတာ အချင်းချင်းယုံကြည်မှု မရှိတော့ရင် ဆက်လက်လုပ်ဆောင်ရတာ အားမရတော့သလိုပါ။ကျနော်တို့ လက်ရှိပူးပေါင်းနေတဲ့ အင်အားစုလေးမှာ တစ်ဖြည်းဖြည်း ယုံကြည်မှုတွေ ကျဆင်းနေသလို ဖြစ်နေတယ်။အကြောင်းကတော့ အမြင်ကျဉ်းပြီး တစ်ကိုယ်ကောင်းဆန်ကြတဲ့ သူများက နေရာယူထားလို့ပါပဲ။နိုင်ငံရေး မှာ ပရိယာယ်ကြွယ်ဖို့ အကျိုးအကြောင်းနဲ့ ယုတ္တိရှိရှိ ပြောတာကိုတော့ လက်ခံနိုင်ပေမဲ့
ပါတီဝင်အချင်းချင်းအပေါ်တော့ လျှို့ဝှက်မထားသင့်ပဲ ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်သင့်တယ်လို့ ထင်ပါတယ်။အခြားသူများကို လျို့ဝှက်တာ ပြသနာမရှိပေမဲ့ အချင်းချင်းအပေါ် လျှို့ဝှက်ပါက ယုံကြည်မှု ပျက်ပြားခြင်း၊ခွဲခြားဆက်ဆံသည်ဟုထင်နိုင်ခြင်း၊ဘက်လိုက်သည်ဟုအထင်မှားနိုင်ခြင်းတို့ကြောင့် ရေရှည်မှာ အဆင်ပြေနိုင်မှာ မဟုတ်ပါ။ကြားရသောစကားမှာ "အချို့ကိစ္စတွေ လျို့ဝှက်သင့်ပါက မပြောပဲနေရတယ်" လို့ အချင်းချင်းကြားမှာ ထွက်လာတယ်။ဒါဟာ ပါတီဝင်အချင်းချင်းအပေါ် သစ္စာဖောက်တာလို့မြင်တယ်။ လက်ရှိလည်း ၎င်းတို့၎ဦးမှ ကိစ္စတော်တော်များများမှာ ကြိတ်ကြံစည်ပြီး လုပ်ဆောင်နေတာကိုလဲ တွေ့နေရလို့ပါ။ အဲလိုကြိတ်ကြံစည်ပြီး အပြစ်တင်တတ်တဲ့ ဖြစ်စဉ်လေးတစ်ခုကို ပြောပြမယ်။ ၁၉.၇.၂၀၁၅ရက်နေ့က ၆၈နှစ်မြောက်အာဇာနည်နေ့အမှတ်တရ အခမ်းအနား ကျနော်တို့ လုပ်ကြတယ်။ အချိန်ရယ်၊ငွေရယ်၊လုပ်အားရယ် အကုန်ခံပြီး တစ်ခြားစိတ်ပါဝင်စားတဲ့ သူတွေပါ ဆွဲဆောင်စည်းရုံးလို့ ဖြစ်မြောက်အောင် လုပ်ကြတယ်ဗျ။တက်ရောက်လာတဲ့ အခြားဧည့်သည်တော်များကိုလည်း စကားပြောဖို့ ဖိတ်ခေါ်၊ သူတို့လည်းစိတ်ဝင်တစား ၀င်ပြောကြနဲ့ ပွဲကတော်တော်ကျေနပ်စရာကောင်းပါ့။ ဒါပေမဲ့ ပွဲအပြီး ထပြောလိုက်တဲ့ စကားကတော့ လုပ်ဆောင်သမျှ တန်ဖိုးမရှိအောင်ကိုဖြစ်ရော။ တစ်စိမ်းဧည့်သည်များရှေ့မှာ ကိုယ့်အထုပ်ကိုယ်ဖြေပြပုံက "ခင်ဗျားတို့ဒီလိုပွဲတွေလုပ်နေလို့ အကျိုးရှိသလားစဉ်းစားကြ" တဲ့၊ "မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်းဝင်ပြိုင်တာ ကိုယ့်လူက တစ်မဲမှမရ၊ဘာပွဲမှမလုပ်တဲ့ ရွာက လွှတ်တော်ကိုယ်စားလှယ်ဖြစ်တာ စဉ်းစားကြပါ" တဲ့။
ပြီးမှသိရတာက အဲ့အရင်ရက်က မြို့နယ်မှာလွှတ်တော်ကိုယ်စားလှယ် အရွေးခံပွဲမှာ ကျနော်တို့ဆီက ကိုယ်စားလှယ်ဝင်ပြိုင်တာ တစ်မဲမှမရပဲ ခွက်ခွက်လန်အောင် မှတ်တမ်းကျန်ခဲ့တာကိုးဗျ။ ဟုတ်ကဲ့ ပြောချင်ပါတယ် အဲလိုရှူံးရတာလဲ အဓိက ပွင့်လင်းမှုမရှိ တိုင်ပင်မှုမရှိပဲ ကြိတ်လုပ်ကြလို့ ဖြစ်ရတာပါ။အရွေးခံမဲ့ရက်ကိုလည်း အသိမပေး၊အောင်နိုင်ရေးအတွက်လည်းမတိုင်ပင်ပဲ ကိုယ်သဘောနဲ့ကိုယ် လုပ်တာမို့ ခံပေါ့လို့ပြောချင်တယ်။တော်တော်များများအရွေးခံမဲ့ရက်ကို မသိကြောင်းအခုထိပြောနေကြလို့ပါ။ အောင်နိုင်ရေးပါတဲ့သူ မဲထည့်ရတယ်ဆိုပေမဲ့ ရွာဘက်က လူတော်တော်များများ မသိရှာပါဘူး။၎င်းတို့ဘာသာသိလို့ အပိုင်တွက်ပြီး ကြိတ်လုပ်ပြီးမှ အကြံမအောင်မှသာ လာအပြစ်တင်ခြင်းဖြစ်တယ်။
ပြောပါရစေ၊ခင်ဗျားတို့ အဲဒီလိုသာ ပွင့်လင်းမှုမရှိပဲ လျို့ဝှက်လုပ်ဆောင်နေသမျှ ကာလပတ်လုံး နောင်အရွေးခံဖို့ ၀င်ပြိုင်တိုင်းလဲ သေချာတာကတော့...........။
0 comments:
Post a Comment