ရောက်တတ်ရာရာအတွေးများ
အဟိအရသာ
မဲဆွယ်စည်းရေးကာလ
တလျှောက်မဲဆွယ်ရတာအရသာ
အရှိဆုံးကမော်လူးအုပ်စုမင်းသာ
ရှိသားအဖနှစ်ဦးကိုမဲဆွယ်ရတာ
တကယ်အရသာရှိလှသည်။
အိမ်တအိမ်ဆိုပါတော့။မဲပေး
ပုံမဲပေးနည်းရှင်းပြဖို့ဝင်ပါတယ်။မဲပေးပုံပေးနည်းအနည်းငယ်ရှင်းပြ
ုပြီးပြန်ထွက်မယ်ပြင်တောအိမ်ရှင်က
ထိုင်ပါဦး ။ရေနွေးကြမ်းသောက်
ပါဦး။လို့ဆိုတော့ပြန်ထိုင်ပြီးရေနွေး
သောက်ရင်းသိသလောက်နိုင်ငံ
ရေးအကြောင်းလေးပြောဖြစ်ကြ
ပါတယ်။ခဏကြာတော့အိမ်ရှင်
သမီးဆိုသူကျုပ်တို့စကားဝိုင်းထဲ
ဝင်ပါလာပါတယ်။
ဦးလေးတခြားပါတီမှာဓာတ်ပုံ
ရိုက်ထားရင်ဒီပါတ်ီကိုမဲပေးလို့ရ
သလား။ကျုပ်ကရသည့်အကြောင်း
ထိုအခွင်အရေးသည်ကျုပ်တို့
နိုင်ငံသားတို့၏အခွင့်ရေးဖြစ်
ကြောင်းမည်သူမှတားဆီးပိတ်ပင်
လို့မရကြောင်းပြောပြတော့
သမီးတို့ကခြင်္သေ့ပါတီမှာဓာတ်
ပုံတွေရိုက်ထားတာ။ဒါပေမဲ့ဘာမှ
နားမလည်ဘူး။သမီးတို့က
အပြောင်းလဲတော့လိုချင်တယ်။
ဟုထိုကလေးမကဆိုပါတယ်။
ဒါနဲ့ဦးလေးဒေါ်အောင်ဆန်း
စုကြည်မဲနိုင်ရင်ကုလားတွေအုပ်စိုး
သွားမယ်ဆိုတာဟုတ်သလား။
သမီးကိုဘယ်သူပြောသလဲ
ဦးညွန့်လှိုင်။ခြင်္သေ့တံဆိပ်ကိုပေး။
ဒေါ်အောင်ဆန်းစုကြည်ကိုမဲ
မပေးနဲ့။သူတို့မဲနိုင်ရင်ကုလားတွေ
အုပ်စိုးသွားမယ်။လို့ပြောပါတယ်။
ဟုအိမ်ရှင်သမီးကပြောပြတယ်။
ကျုပ်လည်းတတ်သလောက်မှတ်
သလောက်ရှင်းပြလိုက်တော့
ကျုပ်ထင်တယ်အဲဒီခြင်္သေ့ဝမ်းအောက်ကအလင်းပျောက်နေတဲ့
လူသားနှစ်ဦးကိုကယ်တင်နိုင်
ခဲ့တယ်လို့။ကျုပ်ထိုအိမ်ဝင်းထဲက
ရင်ကော့ထွက်လာချိန်
သမီးဒီစာရွက်တွေသေချာသိမ်း
ထားမစုပ်မပြဲမစွန်းမထင်းရဘူးတဲ့
သေချာသိမ်းထား။
အရသာရှိလှတဲ့မုန့်တမျိုးမျိုး
စားလိုက်ရသလိုသိပ်ကို ချိုမြိန်
လှပါတယ်။လမ်းပျောက်လူသား
နှစ်ဦးအပြောင်းအလဲကိုလမ်းပြ
နိုင်ခဲ့တာကိုပြောပါတယ်။
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်
0 comments:
Post a Comment