Pages

Thursday, 8 October 2015

ကျေးလက်​​နေပြည်​သူ့​ဘ၀များအားမြင်​လှည့်​​စေချင်

ဟိုတစ်ခါ ဆရာဦးအောင်ဝင်းနှင့်ကျွန်တော် နမီး ကုန်းခါးဘက်သွားတော့ နမီးရွာသို့တစ်ခေါက်ဆိုပြီးရေးသား ခဲ့ဖူးပါတယ်။အဲဒီတုန်းကရေးခဲ့ရတဲ့အကြောင်းကတော့ နမီး ကုန်းခါးရွာမှာနေကြတဲ့ ရွာသူရွာသားများရဲ့ ဘဝရပ်တည်မှု့ အဆင်ပြေချောမွှေ့စေဖို့ လမ်းပမ်းဆက်သွယ်ရေးကောင်းမွန် စေဖို့ရည်ရွယ်ပြီး နမီးရွာသို့တစ်ခေါက်ဆိုတဲ့ခေါင်းစဉ်နဲ့ရေးသား ရေသားခဲ့ပါသေးတယ်။သို့သော် ……………………………… 7 -10 - 2015 ရက်နေ့ နံနက်( 8 ) နာရီထိုးချိန်မှာ နမီးရွာ ကို ဒုတိယ အကြိမ်ထပ်သွားရပြန်ပါပြီ ။ ပါတီလုပ်ငန်းကိစ္စတွေနဲ့ ပဲသွားခဲ့တယ်ပေါ့ ဒီတစ်ခါသွားရတဲ့ နမီးလမ်းဟာ ဟိုတစ်ခါသွား ရတဲ့နမီးလမ်းထက်ပိုဆိုးနေသလားအောင်းမေ့ပါတယ်။ ဘာဆိုး တာလည်းလို့မေးရင်တော့ ဟိုတစ်ခါဆိုးတဲ့လမ်းက ဆိုင်ကယ်ကို တွန်းသွား ပြန်စီး တွန်းပြန်စီးပြန်နဲ့ သံတရာလည်နေနိုင်သေး တယ်လေ ဒီတစ်ခါသွားလိုက်ရတဲ့နမီးကတော့သွတရာမလည် နိုင်တော့ဘူး ဘာလို့သံတစ်ရာမလည်နိုင်တာလည်းလို့ထပ်မေး ကြမယ်ဆိုရင်တော့ ကျွန်တော်ကဒီလိုပြန်ဖြေရမယ်ထင်ပါတယ် ဒီတစ်ခါသွားရတဲ့နမီး ကုန်းခါးလမ်းက ဆိုင်ကယ်ကို တွန်းစရာ စီးစရာမလိုတော့လို့ လို့ပဲဖြေရမယ်ထင်ပါတယ်။လမ်းကောင်း သွားလို့မို့လားလို့မေးရင် တော့ ဒီပုံလေးတွေကိုကြည့်ပြီး အဖြေ ကိုသိရှာကြပါတော့ဗျာ လို့ပဲပြောပါရစေတော့နော်။ကြည့်ကြပါဦး ဒီလိုလမ်းပန်းဆက်သွယ်မှု့မျိုးနဲ့ အဲ့ဒီရွာမှာနေကြတဲ့ရွာသူရွာသား တွေဘယ်လိုလုပ်အဆင်ပြေနိုင်ကြမှာလည်း ပညာရေး ကျန်းမာ ရေး စီးပွားရေး လူမှု့ရေး စသဖြင့်ရေးပေါင်းများစွာကို ဒီလမ်းပမ်း ဆက်သွယ်ရေးကြောင့်လူတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေအများကြီး ဆုံးရှုံးနိုင်သလို အဲ့ဒီ နမီး ကုန်းခါး နှစ်အုပ်စုမှာရှိတဲ့ လူထောင် ပေါင်းများစွာရဲ့အခွင့်အရေးတွေဘယ်လောက်ဆုံးရှုံးနေကြသ လည်း သားစဉ်မြေးဆက် စဉ်းစားသာကြည့်ကြပါတော့ဗျာ။ သူတို့ကိုဘယ်သူကအဲ့ဒီမှာနေခိုင်းသလည်းလို့တော့ ကိုယ်ချင်း မစာ ပြောမယ်ဆိုရင်တော့ပြောလို့ရတာပေါ့။ ဒါပေမဲ့ပြန်စဉ်းစား ကြည့်ပါ အဲ့ဒီမှာမနေပဲမြို့တက်မယ်ဆိုပါစို့ သူတို့လို ရွာကမပြော နဲ့ အစကတည်းကမြို့မှာနေမြို့မှာ ကြီးတဲ့ ကျွန်တော်တို့လို မြို့ခံ တွေတောင်တစ်နေရာကနေနောက်တစ်နေရာ ဝယ်နိုင်ဖို့ ပြောင်း ရွှေ့ဖို့မလွယ်ပါဘူး။သူတို့ဆိုရင်တော့ ပိုဆိုးကြပြီပေါ့ ဒါကြောင့် လူသားခြင်းစာနာတဲ့အနေနဲ့ဆိုရင်တောင် သူတို့လေးတွေရဲ့ ဘဝအတွက် ဘဝရပ်တည်မှု့အစဉ်ပြေချောမွှေ့ လွယ်ကူစေဖို့ စဉ်းစားပြီးဒီလမ်းကလေးကိုတော့ ကွန်ဂရစ်(s)မဟုတ်တောင် ကတ္တာရာလမ်း ကောင်းကောင်းလောက်တော့စဉ်းစားပေးသင့် တယ်လို့တွေးမိပါတယ်။ ဒါက တော့ကျွန်တော့်အတွေးပေါ့ဗျာ သူတို့တွေကလည်းပြောပါတယ် ခင်ဗျားတို့မော်လူးလမ်းခင်းတာ သတားဆောက်တာ တွေအတွက်ကွန်တော်တို့လည်း ငွေအား လူအား အများကြီးပါခဲ့ရပါတယ် ကျောက်ကောက် လမ်းခင်းစသ ဖြင့်လုပ်အားပေးခဲ့ပါတယ်လုပ်ခဲ့ရပါတယ် လို့ ဟိုတစ်ချိန်ကိုသတိ တရပြန်ပြခဲ့ပါတယ်။ နောက်ပြီး သူတို့ရွာသားများဟာ သူတို့ရွာနဲ့ မော်လူး ကူးလူးသွားလာရေးကိုအဆင်ပြေချေားမွှေ့လွယ်ကူ အောင် မော်လူးသူမော်လူးသားမော်လူးမြို့ အုပ်ချုပ်သူလူကြီးများ ကိုအားကိုးတကြီးရှိပုံပေါ်ပါတယ်။ဆိုလိုတာက မော်လူးမှတစ်ဆင့် အင်းတော် အင်းတော်မှတစ်ဆင့် ကသာ ကသာမှတစ်ဆင့် စစ်ကိုင်း စစ်ကိုင်းမှတစ်ဆင့် သက်ဆိုင်ရာဌာနများအဆင့်ဆင့်က နေဦးစီး ဦးဆောင်နဲ့ ကမကဌ လုပ်ပေးစေချင်တဲ့သဘောရှိပါတယ် ဒါမှလည်းဒီလမ်းကို အကောင်းဆုံးပြင်ဆင်နိုင်မယ်လို့ယုံကြည်ထားပုံလည်းပေါ်ပါတယ်။သူတို့မျှော်လင့်တာကလည်း လွန်မယ်တော့မထင်ပါဘူး ဘာလို့လည်းဆိုတော့ ဒီပုံကိုသာကြည်လိုက်ကြပါတော့ဗျာ။့

0 comments:

Post a Comment