Pages

Tuesday, 26 July 2016

ပုဂံမြို့ ဘုရားအမှတ် ၇၆၁ တွင် ပန်းချီရေးဆွဲနေသော ထိုင်ဝမ်ခရီးသွားတစ်ဦးအား လူ ၄ ဦးက ဓားဖြင့်ထိုးပြီး ပစ္စည်းလုယူမှုကို ယနေ့ (ဇူလိုင်၂၆ ရက်) နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း ပုဂံမြို့သို့ရောက်ရှိနေသည့် 7Day Daily သတင်းထောက်က သတင်းပေးပို့သည်။

ယနေ့နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ပုဂံမြို့ ဘုရားအမှတ် ၇၆၁ တွင် ပန်းချီရေးဆွဲနေသော အသက် ၃၀ ဝန်းကျင်အရွယ် ထိုင်ဝမ်နိုင်ငံသူအား အမျိုးသမီး၂ ဦးနှင့် အမျိုးသား၂ ဦးက ဓားဖြင့် ထိုးပြီး ကင်မရာတစ်လုံး၊ ထိုင်ဝမ်ငွေ ၇၀၀ ကျော်၊ ဒေါ်လာ ၈၀ ၊ မြန်မာကျပ်ငွေ ၇ သောင်းကျော်နှင့် ပတ်စ်ပို့တို့အား ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ဓားဖြင့်ထိုးခံရမှုကြောင့် ခြေထောက်နှစ်ဘက်နှင့် လက်တစ်ဘက်တို့တွင် ဒဏ်ရာများ ရရှိခဲ့သည်။ယင်းဖြစ်စဉ်ဖြစ်ပွားမှုကြောင့် ညောင်ဦးမြို့နှင့် ပုဂံမြို့ရဲတပ်ဖွဲ့က လုယက်မှု ကျူးလွန်သူများအား မြို့ထွက်လမ်းများကို ပိတ်ဆို့၍ ရှာဖွေလျက်ရှိသည်။

ဘုရားအမှတ် ၇၆၁ သည် ယခင်က ရန်ကုန်မြို့တော်ဝန် ဦးကိုကိုလေးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)နှင့် ဇနီးတို့အား အမှူးထားပြီး ပြုပြင်လှူဒါန်းထားသောဘုရား ဖြစ်သည်။

ဓာတ်ပုံ-  ငြိမ်းချမ်း

0 comments:

Post a Comment