Pages

Monday, 11 July 2016

လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ အယ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့သားဖြစ်သူက သူ့အဖေကိုလုပ်ကြံ သတ်ဖြတ်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုကို လက်စားပြန်ချေမယ်ဆိုပြီး

ဇူလိုင် ၁၁ ။ ။ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ အယ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့သားဖြစ်သူက သူ့အဖေကိုလုပ်ကြံ သတ်ဖြတ်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုကို လက်စားပြန်ချေမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ အွန်လိုင်းပေါ် က အသံဖိုင်တစ်ခုအရ သိရပါတယ်။

ဟမ်ဇာဘင်လာဒင်က အမေရိကန်ပြည်ထောင်စုနဲ့သူ့ရဲ့မဟာမိတ်တွေကို တိုက်ခိုက်ဖို့ ကမ္ဘာ့စစ်သွေးကြွအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ ‘ ငါတို့သည် အိုစမာများသာ’ ဆိုတဲ့ ၂၁ မိနစ်စာ မိန့်ခွန်းထဲ မှာ ကတိပြုပြောကြားခဲ့တယ်လို့ SITE ထောက်လှမ်းရေးအဖွဲ့ရဲ့ပြောကြားချက်အရ သိရပါတယ်။

ခင်ဗျားတို့ကြောင့် ဆက်ပြီးမရှင်သန်နိုင်တော့တဲ့ မွတ်စလင်မြေတွေနဲ့ဆိုမာလီယာ၊ ယီမင်၊ အီရတ်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ ပါလက်စတိုင်းတို့က လူတွေအပေါ်နှိပ်ကွပ် မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ခင်ဗျားတို့တိုင်းပြည်ကို ပစ်မှတ်ထားပြီး ဆက်ပြီးတိုက်ခိုက်သွားမယ်’ လို့ ဟမ်ဇာကပြောပါတယ်။

ဒါ့အပြင် ရှိတ်အိုစမာအတွက် အစ္စလာမ်နိုင်ငံရဲ့လက်စားချေမှုဟာ လူပုဂ္ဂိုလ်ဖြစ်တဲ့ အိုစမာအတွက်မဟုတ်ဘဲ အစ္စလမ်ကို ကာကွယ်ပေးသူတွေအတွက်ပဲဖြစ်တယ်လို့ ပြောပါ တယ်။

အိုစမာဘင်လာဒင်ဟာ ပါကစ္စတန်က သူပုန်းခိုနေတဲ့နေရာမှာ ၂၀၁၁ ခုနှစ် အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေရဲ့ ချေမှုန်းမှုခံလိုက်ရပါတယ်။

ဘင်လာဒင်ရဲ့ခြံဝင်းကနေရခဲ့ပြီး အမေရိကန်ပြည်ထောင်စုက မနှစ်ကဖော်ထုတ်ခဲ့တဲ့ စာရွက်စာတမ်းတွေထဲမှာ သူ့လက်ထောက်တွေဟာ အိုစမာနဲ့ အီရန်မှာ နေအိမ်အကျယ်ချုပ် ဖမ်းဆီးခံထားရတဲ့ ဟမ်ဇာကို ပြန်ဆုံစည်းနိုင် အောင် ကြိုးစားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိဟမ်ဇာဟာ ၉/၁၁ မတိုက်ခိုက်မီ အာဖဂန်နစ္စတန်နိုင်ငံမှာ ဖခင်ဘက်ကရှိခဲ့ပြီးနောက် အမေရိကန်ဦးဆောင်တဲ့ကျူးကျော်မှုကြောင့် အယ်ကိုင်းဒါး အကြီး တန်းခေါင်းဆောင်ပိုင်းကလူတွေ သွားရောက်နေ ထိုင်ခဲ့ရတဲ့ ပါကစ္စတန်နိုင်ငံမှာ ဖခင်နဲ့အတူ အချိန်ကုန်ဆုံးခဲ့တယ်လို့ ဘရွတ်ကင်းအင်စတီကျု့ရဲ့အပြောအရသိရ ပါတယ်။

                                             ချိုလေးငယ်

Ref: Reuters ( July 11, 2016 )

0 comments:

Post a Comment