ဖားကန့်မြို့ကတော့ စုန်းစုန်းမြုပ်တော့မည် ။
ဒီနှစ်ရေကြီးတာက အရင်နှစ်တွေထက် ပိုပိုပြီးဆိုးဝါးလာပြီ ။
ဖားကန့်ကြိုးတံတားပေါ် ဥရုချောင်းရေကျော်သွားတာ ဒီတပတ်ထဲ ၂ ခါရှိပြီ ။
လေဘီတံတားသစ်ကြီးလည်း ရေမြှုပ်ခါနီးပြီ ။
ကူသူလည်းမရှိ ၊ ကယ်သူလည်းမလာ ...
မိုးဦးတုန်းက ဘတ်ဂျက်တွေ တနင့်တပိုးယူပြီး ဥရုချောင်းရေဆယ်ပါတယ် ၊
ချောင်းထဲကဆယ်ယူတဲ့ နှုန်းတွေနဲ့ပဲ ချောင်းရိုးတလျှောက် ကန်သင်းပြန်ဖို့တော့
မိုးလေး ၁၅ မိနစ်လောက်ရွာတာနဲ့ကို ချောင်းထဲပြန်မျောကုန်ပြီ ...
အဲဒီ ချောင်းရေဆယ်တဲ့ ကန်ထရိုက်တာလူကြီးကပြောသေးတယ်
" ကြည့်နေ ကို ထွန်း ၊ ကို ချို ... ခုငါလုပ်ထားတဲ့ဟာက တော်တန်ရုံရေကြီးတာလောက်ကမမှုဘူး ၊
နောက်ထပ် ၂ မိုးလောက်က အေးဆေးပဲ " ဆိုပြီး
ဘေးက သူ့အထက်လူကြီးတွေကို ( အထက်လူကြီးလို့ ထင်ရ ) ၂၀၁၆ ခုနှစ် ၊ မေလ တုန်းက
သူ့ဗိုက်သူပွတ်ကာ ရင်ကော့ပြီးကြွားနေတာ ကျုပ်နားနဲ့ ဆက်ဆက်ကြားခဲ့တယ် ။
အဲတုန်းက ဓာတ်ပုံ ခိုးရိုပ်ခဲ့ရမှာ ...
ခုထိမြင်ယောင်သေးတယ်ဗျာ စပ်ဖြီဖြီး ၊ မြှောက်ကြွကြွနှင့် သကောင့်သားမျက်ခွက်ကို ။
credit Lahpai Amyu
ခရီးသည်
0 comments:
Post a Comment