Tuesday, 19 July 2016
Home »
» ကျေးလက်ရနံ့
ကျေးလက်ရနံ့
17:31
No comments
ကျေးလက်ရနံ့
~~~~~~~~
ကျေးလက်နေကလေးသူငယ်လေး
တွေရဲ့အားလပ်ချိန်ကစားနည်း
လေးတွေကမြို့ပြနေကလေးသူငယ်
တွေလိုခေတ်မ်ီကစားစရာနဲ့နည်းပါး
ကြတယ်။
ခုကစားနည်းကကျေးလက်နေကလေးတွေ
ခေတ်မီပစ္စည်းကိရိယာ
ဘာတစ်ခုမှမပါပဲရိုးရာကစားနည်း
လေးနဲ့ကစားနေကြတယ်။
ကစားနည်းအမည်ဘာဆိုတာတိတိ
ကျကျ သူတို့ကိုယ်တိုင်သဘောကျ
ကျေ နပ်ခုံမင်စွာကစားကြတယ်။
ကစားပုံက တစ်ဖက်ကိုပါဝင်သူညီ
မျှ စွာခွဲဝေကြတယ်။ပြီးရင်ဒိုင်တစ်
ယောက်ထားတယ်။ဒီဒိုင်လုပ်သူက
ပါဝင်သူတွေကိုတိတ်ဆိတ်စွာနာ
မည်ဝှက်တွေပေးတယ်။ပြီးရင်တစ်
ဖက်ကတစ်ယောက်ရဲ့မျက်စိကို
ပိတ်ထားတယ်။အဲဒီမှာတစ်ဖက်က
နာမည်ဝှက်ကိုခေါ်တယ်။ဥပမာ
နေတိုးဆို နေတိုးလို့ခေါ်လိုက်တယ်။
နေတိုးနာမည်ပေးခံထားရသူက
မျက်လုံးပိတ်ခံထားရသူခေါင်းကို
လာခေါက်ရတယ်။လာခေါက်သူ
သူ့နေရာရောက်မှမျက်လုံးကိုဖွင့်ပေး
ပါတယ်။ပြီးရင်ခေါင်းခေါက်ခံရသူက
လာခေါက်သူရဲ့နာမည်ကိုဖော်ရ
ပါတယ်။
ဒီမှာနာမည်မဖော်နိုင်ရင်ခေါင်းခေါက်
သူကသူအားရှိသလောက်ခုန်ရ
တယ်။အဲဒီအကြိမ်ရေများစွာပြုလုပ်လို့ပြိုင်
ဘက်တွေရဲ့တည်နေရာကိုရောက်ရင်အောင်ပြီလို့ဆိုကြတယ်။
အောင်ပြီဆိုနိုင်သူကရှုံးသူကိုကုန်း
ပိုးခိုင်းပါတယ်။မပိုးနိုင်သူကိုနဖူး
တောက်ပါတယ်။
ကဲ့...ဒီကစားနည်းလေးကတော့
ကျေးလက်နေကလေးတွေနှစ်သက်
စွာကစားနေကြတဲ့ကစားနည်းတွေ
ထဲကချစ်စရာကစားနည်းလေးတစ်
ခုဖြစ်ပါကြောင်း....။
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်
0 comments:
Post a Comment