Pages

Saturday, 23 July 2016

"#ရဲအရေးပိုင်သည့်ပြစ်မှုအားလုံးကိုကျင့်ထုံးဥပဒေပုဒ်မ (၅၉) အရ အရပ်သားများက ဖမ်းဆီးပိုင်ခွင့်ရှိ…" ======================================

"#ရဲအရေးပိုင်သည့်ပြစ်မှုအားလုံးကိုကျင့်ထုံးဥပဒေပုဒ်မ
(၅၉) အရ အရပ်သားများက ဖမ်းဆီးပိုင်ခွင့်ရှိ…"
=========================================

ကျင့်ထုံးဥပဒေပုဒ်မ (၅၉) အရ ရဲအရေးပိုင်သည့် ပြစ်မှုမှန်သမျှကို အရပ်သားများက ဖမ်းဆီးခွင့်ရှိကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် ပြည်သူလူထု အနေနှင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပျဉ်းမနားမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးး တင်ဋ္ဌေးက ပြောကြားသည်။

ရပ်ရွာ တရားဥပဒေစိုးမိုးဖို့ဆိုရင် ရဲတပ်ဖွဲ့နဲ့ပြည်သူ ပူးပေါင်းဆောင်ရွက်ရပါမယ်။ ရဲအရေးပိုင်တဲ့ပြစ်မှုမှန်သမျှကို ကျင့်ထုံးဥပဒေပုဒ်မ (၅၉) အရ အရပ်သားများက ဖမ်းဆီးပိုင်ခွင့်ရှိတယ်ဆိုတာကို ပြဋ္ဌာန်းပြီးသားရှိပါတယ်။

"ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့စနစ်အရ ပြစ်မှုကျုးလွန်သူ တိုင်းကို ပြည်သူတွေက ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပါဝင်သွား မယ်ဆိုရင် ဒုစရိုက်သမားတွေအတွက် နေရာကျဉ်းသွား မှာဖြစ်ပါတယ်”ဟု စခန်းမှူး ဒုရဲမှူးး တင်ဋ္ဌေးက ပြောသည်။

#ထွန်း(နေပြည်တော်)
Source. New Watch
Y N

0 comments:

Post a Comment