Pages

Sunday, 31 July 2016

ကျောင်းခေါ်ချိန်မပြည့်သည့် ကျောင်းသားများကို စာမေးပွဲဖြေဆိုခွင့် ပေးသည့် ဆရာ၊ ဆရာမများကို ရာထူးချသည်အထိ အရေးယူခံရမည် *************

ကျောင်းခေါ်ချိန်မပြည့်သည့် ကျောင်းသားများကို စာမေးပွဲဖြေဆိုခွင့်
ပေးသည့် ဆရာ၊ ဆရာမများကို ရာထူးချသည်အထိ အရေးယူခံရမည်
**************************************************************************

ဖြူသစ်လွင် ၊ ရန်ကုန်၊

ကျောင်းခေါ်ချိန် ၇၅ ရာ ခိုင်နှုန်း ပြည့်မီခြင်းမရှိသည့် တက္က သိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်း သူများကို စာမေးပွဲ ဝင်ရောက်ဖြေ ဆိုခွင့်ပြုသည့် ဆရာ၊ ဆရာမများ အား စစ်ဆေးတွေ့ရှိပါက ရာထူး ချသည်အထိ အရေးယူသွားမည် ဟု ပညာရေးဝန်ကြီးဌာနမှ သိရ သည်။

ပညာရေးဝန်ကြီးဌာနမှ အ ဆင့်မြင့် အရာရှိတစ်ဦးက ''ကျောင်း ခေါ်ချိန် ၇၅ ရာခိုင်နှုန်းပြည့်အောင် ကျောင်းတက်ရမယ်။ စာမေးပွဲ မ ဖြေမီ လအထိ အတန်းချိန် ပြည့် အောင် ကျောင်းမတက်ကြတာ မှန် ပေမယ့် အောက်တိုဘာ၊ နိုဝင်ဘာ အထိ ကျောင်းခေါ်ချိန် မှန်ပြီး ၇၅ ရာခိုင်နှုန်းပြည့်နေတဲ့ ကျောင်းသား တွေပဲ စာမေးပွဲဖြေခွင့်ရှိတယ်။ တ ချို့ ကျောင်းသားတွေက ၇၅ ရာ ခိုင်နှုန်း မပြည့်ဘဲ ၆ဝ၊ ၆၅ ရာခိုင် နှုန်းလောက်ပဲ ရှိနေတာ စစ်ဆေး တွေ့ရှိရင် ပြန်ပြီး ပယ်ဖျက်ရတာ တွေရှိတယ်''ဟု ပြောသည်။

တချို့သော တက္ကသိုလ်ဝင် တန်း ကျောင်းသား၊ ကျောင်းသူများ သည် အစိုးရကျောင်းများထက် ပြင် ပကျူရှင်များကို ဦးစားပေး တက် ရောက်ကြပြီး ကျောင်းခေါ်ချိန် ပြည့် မီရန် သင်ကြားသည့် ဆရာ၊ ဆရာ မများနှင့် နားလည်မှုယူကာ စာမေး ပွဲ ဝင်ရောက်ဖြေဆိုခြင်းများ ရှိနေ သည့်အပေါ် ရည်ညွှန်းဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။

အတန်းချိန် ပုံမှန်တက်ရောက် လိုသော်လည်း သင်ကြားပေးသည့် ဆရာတချို့မှာ သင်ခန်းစာများကို ကျောင်းချိန်အတွင်း ထိရောက်စွာ သင်ကြားပေးခြင်း မရှိသဖြင့် ကျောင်း သားများအနေဖြင့် ပြင်ပကျူရှင်များ ကိုသာ အားကိုးနေရခြင်း ဖြစ်သည် ဟု အင်းစိန်မြို့နယ်မှ တက္ကသိုလ် ဝင်တန်း ကျောင်းသားတချို့က ပြော သည်။

''တချို့ ကျောင်းသား တစ် ယောက်စ နှစ်ယောက်စတော့ ရှိ ကောင်းရှိမယ်။ နယ်တွေမှာတော့ ဒီလိုမျိုးတွေ မရှိကြဘူး။ အဲဒီလိုမျိုး ကျောင်းသားနဲ့ ဆရာကြား မသမာ မှုတို့၊ ဘက်လိုက်မှု၊ လာဘ်စားမှုတွေ ကို စစ်ဆေးတွေ့ရှိရင် ပြစ်မှုကျူး လွန်တဲ့ အတိုင်းအတာအထိ သက် ဆိုင်ရာ ပညာရေးဝန်ထမ်းကို ပြောင်း ရွှေ့မိန့်ကနေ ရာထူးချတဲ့အထိ အ ပြစ်ပေးခံရမယ်''ဟု ယင်းက ဆက် ပြောသည်။

အလားတူပင် နည်းပညာတက္က သိုလ်များတွင်လည်း ယခုနှစ်မှ စ တင်၍ ဘာသာရပ် တစ်ခုချင်းစီ၌ ကျောင်းတက်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီမှသာ စာမေးပွဲဖြေဆိုခွင့် ရ မည်ဟု နည်းပညာတက္ကသိုလ် အ သိုင်းအဝိုင်းမှ သိရသည်။

(Yangon Times Journal, 11-50)
*************************************************************************်

0 comments:

Post a Comment