Pages

Sunday, 10 July 2016

ရဲချုပ်ကြီးခင်ဗျာ… အောက်ဖော်ပြပါ ရဲတပ်ဖွဲ့ဝင်အပေါ် အနိုင်ထက်ကျင့်သူအား တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေနဲ့အညီအရေးယူပေးပါ…ခင်ဗျာ

ရဲချုပ်ကြီးခင်ဗျာ…

အောက်ဖော်ပြပါ ရဲတပ်ဖွဲ့ဝင်အပေါ် အနိုင်ထက်ကျင့်သူအား
တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေနဲ့အညီအရေးယူပေးပါ…ခင်ဗျာ

~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုမြတ်သူရေ ကျွန်တော်ကတပ်ဖွဲ့စု(၇၄)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲထားဝယ်က လ၂၂၅၈၄၅ ရဲဒုတပ်ကြပ်မိုးမင်းစိုးပါ ဖြစ်စဉ်က (8.7.2016) ရက်နေ့ သောကြာနေ့က ကျွန်တော်တို့တပ်ဖွဲ့ခွဲမှူးရုံးမှာ မနက်ပိုင်း (၁၈:၀၀) နာရီတန်းစီအပြီး မြောင်းပုလဲ အထက ကျောင်းရှင်းသွားဖို့ ရုံးကအထွက် အမျိုးသမီးဆီက ဖုန်းဝင်လာတယ် " ကိုကြီးရေ သမီးလေးက တမံသလင်းပေါ်ထိုင်ရတာအေးလို့ နှစ်ယောက်ထမင်းစားရင်ထိုင်ဖို့လမ်းလည်းသင့်တော့ခွေးခြေလေးနှစ်လုံးဝယ်ခဲ့ပေးပါလို့ " မှာလို့ ကျွန်တော့်အသိ ကျောင်းဆရာလေး ကော်ပစ္စည်းရောင်းတဲ့ဆိုင်ဝင်ပြီး ပစ္စည်းဆင်းဝယ်ဖို့ ဆိုင်ကယ်ဒေါက်အထောက် ဆိုင်ရှင်အစ်မကကျွန်တော့်နောက်ဘက်လက်ညိုးထိုးပြလို့လှည့်ကြည့်တော့လူတစ်ယောက်ဆိုင်ကယ်ခွလျှက်သား လက်ကိုင်နှစ်ဖက်ကိုကိုင်ပြီး မြှောက်နေတာတွေ့တယ် ကိုယ်လည်းကိုယ်နဲ့မဆိုင်တော့ဈေးဝယ်ဖို့ပြန်လှည့်မယ်အလုပ် အဲသည်တစ်ယောက်က ဆိုင်ထဲဝင်လာပြီး ဘာမပြောညာမပြော ဝင်ထိုးတော့တာပဲ ကျွန်တော်လည်းကိုယ့်ကိုယ်အလွတ်မဲ့ကြီးဝင်ထိုးတော့ပြန်ခုခံတာပေါ့ ရှောင်နေရင်းက အစ်ကိုလူမှားနေပြီထင်တယ်ပြောလည်းမရဘူး သူအထိုးခံရတော့လှည့်ပြေးတယ် ကျွန်တော်လည်း ခွေးခြေအစိမ်းရောင်နှစ်လုံးယူပြီး ပိုက်ဆံရှင်းမယ်အလုပ် အဲလူပြန်ရောက်လာတယ် လက်ဆန့်ပြီးလှမ်းထိုးတယ် လက်ထဲမှာ ကိုင်ထားတဲ့ဆိုင်ကယ်သော့နဲ့လိုက်ထိုးတယ်ထင်တာ ကျွန်တော်လည်းရှောင်ရင်းနဲ့ခုခံတော့လှည့်ပြီးသူအပြေး အုပ်ချုပ် တကကအောင်ကျော်စိုး နှင့်တကကသိန်းထွန်းမောင် တို့က ဆိုင်ကယ်မောင်းလာတာတွေ့တော့ မူးပြီးကျွန်တော့ကိုအတင်းလိုက်ထိုးနေတယ်ရုံးကိုဖုန်းဆက် အကြောင်းကြားပြီးဖမ်းဖို့လုပ် ပေးဆိုအကူညီတောင်းပြီး အဲလူကိုဆွဲလှဲပြီးချုပ်တဲ့အချိန် ချုပ်ထားတဲ့ တံတောင်ဆစ်ချိုးကနေ ကျွန်တော်က သော့လို့ထင်ထားတဲ့ သူ့လက်ထဲကဓားနဲ့ကျွန်တော့်လည်ပင်းကိုလှီးနေတာ ကျွန်တော့်စိတ်ထဲ ဆိုင်ကယ်သော့နဲ့လည်ပင်းကိုကြိတ်လှီးနေတယ်ထင်တာ ကျွန်တော့်လည်ပင်းကသွေးတွေဆင်းလာမှ ဓားမှန်းသိရတယ် ကျွန်တော်လက်ကို အတင်းချုပ်ပြီးဓားကိုလုတော့ဓားကဘေးနားကမြောင်းထဲ ကျသွားတယ် ကျွန်တော်လည်းလည်ပင်းကိုဓားနဲ့အလှီးခံလိုက်ရတာသိတော့ အဲလူကိုလွှတ်လိုက်ရတယ်သွေးတွေကအရမ်းများနေပြီ ဘေးမှာလူတွေအများကြီးပဲ တကယ်တမ်းကျတော့ ဆေးရုံကားခေါ်ပေးဖို့ အကူအညီတောင်းတာတောင် ဘယ်သူမှအရေးမလုပ်ဘူး အစ်ကိုရေ အပေါ်ယူနီဖောင်းကိုချွတ်ပြီး  အတွင်းခံစွတ်ကျယ်နဲ့ လည်ပင်းကသွေးထွက်တဲ့ နေရာကိုဖိပြီး သုံးဘီးသမားကို သွေးထွက်ရင်းတန်းလမ်းနဲ့ငှားပြီး ဆေးရုံကိုကိုယ်တိုင်လာခဲ့ရတာ အစ်ကိုမြင်တဲ့အတိုင်းပဲ ကျွန်တော်သေကံမပါလို့သာ တရာခံကဆေးအလွန်အကျွန်သုံးတယ်လို့ကြားတယ်အစ်ကို အခင်းမဖြစ်ခင်သုံးရက်လောက်ကတည်းကရပ်ကွက်ထဲမှာသောင်းကျန်းတယ် လမ်းပေါ်မှာတွေ့တဲ့သူတိုင်းကို ပြဿ     နာရှာတယ် ဆိုပြီးအုပ်ချုပ်ရေးမှူးဆီ အကြောင်းကြားထားတဲ့သူလို့သိရပါတယ် အခင်းဖြစ်တဲ့နေ့ နေ့လယ်(၁)နာရီလောက် လောင်းလုံးမြို့နယ်ဘက်မှာ တိုင်းတပ်ဖွဲ့မှူးရဲမှူးကြီးနေမျိုးကွပ်ကဲမှု့နဲ့ဖမ်းဆီးနိုင်ခဲ့ပါတယ် လက်ရှိမှာတော့ အမှု့ဖွင့်ထားတယ်လို့သိရပါတယ် လူကြီးတွေက မန္တလေးဖြစ်စဉ်လို ယာဉ်ထိန်းကသွားဖမ်းလို့ ပြဿနာ ဖြစ်တယ်လို့ထင်နေကြတယ် တကယ်က အပေါ်မှာကျွန်တော် ရှင်းပြခဲ့တဲ့အတိုင်းပဲ အစ်ကိုရေ တစ်ခါမှမမြင်ဖူးတဲ့သူကအကြောင်းမဲ့ပြဿ     နာရှာခံရတာပါ လက်ရှိမှာ ဆေးရုံပေါ်မှာဖြစ်နေတယ် ။

အပြင်သူတွေပြောစကားအရ အဲဒီလူက နယ်ရဲတွေကို အိတ်ထဲထည့်ထားတာတဲ့ ပြီးတော့အမှု့စစ်တဲ့နေရာမှာလည်း မင်းအဲယာဉ်ထိန်းကိုသိလားဘာဖြစ်လို့ခုလိုလုပ်တာလည်းမေးရမဲ့အစား  မင်းဆိုင်ကယ်ကိုသိမ်းလို့မင်ကခုလိုလုပ်တာလားဆိုပြီး တရားခံကိုသင်ပေးတဲ့ နိမိတ်ပြမေးခွန်းပုံစံနဲ့မေးတယ်လို့လည်းပြန်ကြားရပါတယ် အခုလိုပြဿနာဖြစ်တာနဲ့ ကိုယ့်လူကြီးတွေကအစယာဉ်ထိန်းကသွားပြီးမဟုတ်တာလုပ်လို့နေမှာပေါ့လို့ ထင်နေတဲ့ကာလမှာ အမှန်တရားအတွက် ကျွန်တော်တို့လို အေးအေးချမ်းချမ်းနဲ့ တာဝန်ထမ်းဆောင်ရင်း အစော်ကားခံရတဲ့သူတွေရှိနေတဲ့အတွက် နောင်ဆိုတပ်ဖွဲ့ဝင်တွေ ကျွန်တော်နဲ့အလားတူဖြစ်စဉ်မျိုး စော်ကားလာနိုင်သလို တာဝန်ချိန်ယူနီဖောင်းဝတ်တဲ့ဝန်ထမ်းကို ကိုယ်ထိလက်ရောက်သေစေလိုတဲ့စိတ်နဲ့လည်ပင်းကိုဓားနဲ့လှီးတာတောင်ထိုက်သင့်တဲ့ပြစ်ဒဏ်မျိုးမပေးနိုင်ခဲ့ရင် ရဲတပ်ဖွဲ့ရဲ့ပုံရိပ်က အဖက်ဆယ်လို့ရနိုင်မယ်မထင်ဘူးအစ်ကိုရေ ယူနီဖောင်းဝတ်ထားတဲ့ကျွန်တော် ဆေးရုံကဆင်းလာတဲ့အခါ ဘယ်လိုယုံကြည်မှု့မျိုးနဲ့ တာဝန်ထမ်းဆောင်ရမှာလဲ အမှန်တရားအတွက် တရားဥပဒေစုးမိုးဖို့အတွက် ရဲတပ်ဖွဲ့ပုံရိပ်အတွက် အမှန်တရားအတွက်ရပ်တည်ပေးပါဦး…

ကိုမြတ်သူရေ…

                    Credit- Myat Thu Hein

0 comments:

Post a Comment