အင်းတော်မြို့နယ်၊သူရောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ ၌ သူရောင်းကျေးရွာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အာဟာရအလှူပြုလုပ်........
(15.7.2015)ရက်နေ့၊နေ့လည်(၁၁း၀၀)နာရီအချိန်တွင် အင်းတော်မြို့နယ်၊သူရောင်းအုပ်စု၊
သူရောင်းကျေးရွာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များဦးဆောင်၍ (၆၉)ကြိမ်မြောက် အာဇာနည်နေ့အကြိုအထိမ်းအမှတ်အဖြစ်
သူရောင်းကျေးရွာ (ခွဲ-အ.လ.က)ကျောင်းမှကျောင်းသား/သူများအား ကြက်သားဆန်ပြုတ်တိုက်ကျွေးကာ အာဟာရအလှူ ပြုလုပ်ကြသည်။
သူရောင်းကျေးရွာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များမှ ယနေ့မနက်(၁၀း၃၀)နာရီအချိန်တွင် သူရောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ကာ ဆရာတော်၊သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် သူရောင်းကျေးရွာအလယ်တန်းကျောင်းခွဲရှိကျောင်းသားကျောင်းသူ (၃၄၇)ယောက်အား အာဇာနည်နေ့အကြိုအထိမ်းအမှတ် အာဟာရအလှူအဖြစ် ကြက်သားဆန်ပြုတ် တိုက်ကျွေးခြင်းကို ပါတီဝင်များစုပေါင်းလုပ်ဆောင်ကြသည်။
"ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ကျေးဇူးဂုဏ်၊အတုယူလေးစားဖွယ်ရာ၊အရည်အချင်း၊တိုင်းပြည်အတွက် အနစ်နာခံပေးဆပ်မှု"
စသည်တို့ကို ကျောင်းသားကျောင်းသူလေးများ အောက်မေ့သတိရစေလိုသောကြောင့် ယခုလို အာဟာရအလှူပြုလုပ်ကြရခြင်းဖြစ်ကြောင်း သူရောင်းကျေးရွာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းလှိုင်မှ ပြောကြားသွားပါသည်။
ယနေ့ပြုလုပ်သောအာဟာရအလှူအတွက် ကုန်ကျစရိတ်မှာ စုစုပေါင်း၄၂၅၀၀ ကျပ်တိတိဖြစ်ကြောင်းနှင့် သူရောင်းကျေးရွာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုလုပ်သော အာဟာရအလှူကို အမျိုးတို့သိရှိကြစေရန် မော်လူးပုံရိပ်မှ တင်လိုက်ပါတယ်ခင်ဗျာ...........။
0 comments:
Post a Comment