အောက်ခြေဝန်ထမ်းတွေ တကယ်ပြောင်းလဲနေပြီလား
ညနေက nld လူငယ်ထဲကတယောက် ဖုန်းဆက်တယ် ဒီနေ့ မော်တိတ်ဒေသ ရွာသာယာရွာကို လဝက စာရေးမ လာပါတယ် အိမ်ထောင်စုစာရင်းထဲ မသွင်းရသေးတဲ့ ကလေးငယ်တွေကို စားရင်းသွင်းဖို့ပါ ၅ နှစ်အထက် ကလေးငယ်တွေကိုစာရင်းထဲထည့်ရင် ငွေ ၅၀၀၀ ကျပ် တောင်းခံပါတယ်တဲ့ စာရေးမကပြောတယ် လစာသုံးလစာ ဖြတ်ခံထားရလို့ တောင်းရခြင်းဖြစ်ပါတယ်တဲ့ နောက်ပြီးပြောသေးတယ် ငွေ ၅၀၀၀ ကို မပေးနိုင်ရင် အင်းတော် လဝက ရုံးမှာ လာလုပ်ပါတဲ့ မိသားစုဝင် ကလေး တကယ်ဟုတ် မဟုတ်ဆိုတာကိုတော့ ကျမ်းသစ္စာကျိန်ဆိုရမယ်တဲ့ ရွာသားတွေခမျာ တခါမှ ကျမ်းသစ္စာမကျိန်ဆိုဘူးလို့ ကျိန်ဆိုရမှာကြောက်ပြီး ငွေ ၅၀၀၀ ကိုသာ အပြေးအလွှားရှာဖွေကြပါတယ်တဲ့ ဒီအချိန်ဆို လယ်လုပ်ငန်းစတင်ချိန်မို့ ငွေကျပ်တည်းနေချိန်လေ သူတိုအတွက် တခုတည်းသော ငွေရှာနည်းက စပါးနှောင်ပေး ရောင်းခြင်းပါပဲ လက်ရှိပေါက်ဈေးထက် တဝက်ဆေးနိမ့်ပြီး ရောင်းရတာပါ စပါးကိုတော့ ရာသီပေါ်မှပေးပေါ့ ရွာက အမျိုးသမီးတယောက်က မေးတယ်တဲ့ ဒီမိုကရေစီရနေပြီ ပိုက်ဆံက ပေးရတုန်းလားဆိုတော့ စာရေးမကဖြေတယ် ဒီမိုကရေစီအစစ်မရသေးလို့တဲ့ ဒီမိုကရေစီစစ်စစ်သာရရင် ဒီထက်ပိုပေးရမယ်တဲ့ ကောင်းရော့ဗျာ အထက်မှာပြောင်းလဲနေပေမယ့် အောက်မှာ အရင်လက်ကျန်တွေ ဘယ်လောက်များနေအုံးမယ်ဆိုတာ တွေးသာကြည့်ကြပေတော့ဗျာ။
Saturday, 2 July 2016
Home »
» အောက်ခြေဝန်ထမ်းတွေ တကယ်ပြောင်းလဲနေပြီလား.............?
အောက်ခြေဝန်ထမ်းတွေ တကယ်ပြောင်းလဲနေပြီလား.............?
08:00
No comments
0 comments:
Post a Comment