Pages

Friday, 22 July 2016

အိတ်​ဖွင့်​​ပေးစာ

လေးတန်ေ​မြမှ​ရေးတဲ့စာ ~~~~~~~~~~~~~~ သို့...... ပြန်​ကြား​ရေး ၀န်​ကြီး ​ဒေါက်​တာ​ဖေမြင့်​ ခင်​ဗျာ.... ``ချမ်းသာသုခပြည့်​ဝရန်​အတွက်​လူ၌ ကျန်းမာ သန့်​ရှင်း​သောအ​ခြေခံစိတ်​ အ​ဆောက်​အအုံတစ်​ခုလည်းရှိထား ဖို့လို​သေးသည်​။ သည်​အ​ဆောက်​အအုံကို​မေတ္တာ ဂရုဏာ၊မုဒိတာစိတ်​များဖြင့်​အ​ခြေ တည်​ရသည်​။´´ ``အဟာရနစ်​ထုပ်​စီ၊ဗီတာမင်​အား ​ဆေး​တောင့်​တစ်​​တောင့်​စီသဖွယ်​ သပ်​ရပ်​စွာထုပ်​ပိုးပြင်​ဆင်​ထား သည့်​ဤစာများကိုဖတ်​ရှုခြင်းဖြင့်​ စာဖတ်​သူအဖို့ ညချမ်းအချိန်​၌ရင်​ထဲ နှလုံးသားထဲတွင်​ကုသိုလ်​စိတ်​ပြည့်​ ​၀​နွေး​ထွေးစွာအိပ်​စက်​အနားယူနိုင်​ ခြင်း၊နံနက်​မိုး​သောက်​ချိန်​၌ကြည်​လင်​​သောနှလုံးသား၊ရွှင်​ပျ​သော စိတ်​ထားတို့ဖြင့်​​လောကကိုနှုတ်​ခွန်း ဆက်​သနိုင်​ခြင်း..´´ အဲဒီလိုဆရာနှလုံးသားအဟာရ ရသစာများ(တတိယတွဲ)စာအုပ်​ က​လေးမှာအမှာစာ​ရေးသားခဲ့ပါ တယ်​။ ဆရာ​ရေ..ခုချိန်​မှာ ကျွန်​​တော်​တို့ မြန်​မာ့လူ့အဖွဲ့အစည်းအတွင်းမှာ နှလုံးသား​တွေမာ​ကျောလို့နုတ်​​တွေ သရမ်း​နေကြပြီ။ဒါဟာစာ​ပေနဲ့အ​နေ ​ဝေးခြင်းရဲ့ရလဒ်​ပဲလို့ယူဆချင်​တယ်​။ ခုချိန်​မှာ ဆရာဟာစာ​ရေးဆရာဘဝ က​နေ၀န်​ကြီး​နေရာကိုရယူထားပြီ။ ဒီ​တော့စာ​ပေနဲ့အ​နေ​ဝေး​နေတဲ့ ကျွန်​​တော်​တို့မြန်​မာ့လူ့အဖွဲ့အစည်း စာ​ပေနဲ့နှီးနွယ်​လာ​အောင်​​ဆောင်​ ရွက်​ဖို့လိုပြီ။ ခု​လော​လောဆယ်​​တော့များများစား စားလုပ်​စရာမလိုပါဘူး။လက်​ရှိ​နေ တဲ့မြန်​မာပြည်​အနှံ့ပြန်​ဆက်​က ​ဆောက်​​ပေးထားတဲ့စာကြည့်​တိုက်​ ​တွေရဲ့ပိတ်​ထားတဲ့တံခါးဖွင့်​ဖို့ကြပ်​ မတ်​​ပေးဖို့ပါပဲ။ ခက်​တယ်​ဆရာ​ရေ။ခေတ်​အဆက်​ တက်​လာကြတဲ့အုပ်​ချု ပ်​​ရေးမှူး တိုင်းစာ​ပေရဲ့တန်​ဖိုး၊ပြည်​သူ​တွေ အတွက်​စာကြည့်​တိုက်​ရဲ့အ​ရေးပါ မှု​တွေကိုမသိကြတာခက်​လှတယ်​။ ဒါကကျွန်​​တော်​တို့မြန်​မာ့လူ့အဖွဲ့ အစည်းစာ​ပေ​တွေနဲ့​ဝေးရခြင်းရဲ့ အ​ကြောင်းရင်းပါဆရာ။. ခုချိန်​မှာ ဒါ​တွေကိုကြပ်​မတ်​​ပေးဖို့ အချိန်​တန်​ပါပြီ ။ စာရှည်​သွားပြီဆရာ​ဖေ​ရေ.. မြန်​မာ့လူ့အဖွဲ့အစည်းစာ​ပေနဲ့နီးကပ်​ လာ​စေရန်​၊မြန်​မာ့လူ့အဖွဲ့အစည်း ရဲ့နှလုံးသား​တွေနူးညံ့​ပျော့​ပျောင်း လာ​စေရန်​​ပိတ်​ထား​သောစာကြည့်​ တိုက်​တံခါး​တွေဖွင့်​လာဖို့​မျှော်​လင့်​ လျှက်​.... ဘဝခရီးသည်​ ​​လေးတန်ေ​မြ​ ဘဝအ​​​မော​တွေ​ပြေကြပါ​စေ ဘဝခရီးသည်

0 comments:

Post a Comment