Pages

Wednesday, 6 July 2016

"မသိ​ခြင်း အချစ်"

"မသိ​ခြင်း အချစ်"

မညာရက်​ဘူး......ပျို
တစ်​ကယ်​ဆိုဘ၀​တွေခါးသက်​သက်​မို့.....ထားရက်​ခဲ့ ​ကိုယ့်​ကို............

အပြစ်​မဆိုပါ
အချစ်​ဆိုတာကလည်း........
တစ်​​နေရာထဲ အချိန်​ကြာကြာ
ဖွေရှာလို့မှမရနိုင်​တာ...........

မေ့လိုက်​​ပါ​တော့....ပျို
စရိုက်​မတူရင်.......
အသွင်​မတူ အိမ်​သူမဖြစ်​တာလည်း....
ပျို....အသိပဲ​လေ............

အသဲစိုင်​မှာ စွဲခိုင်​စွာ
မလဲမယိုင်​ခိုင်​ခံ့​စေဖို့.........
ပျို့ ချစ်​ခြင်း​တွေ သက်​ဆင်း​စေ​တော့
အသက်​နှင်းအပ်​ ​ပေးဆပ်​ခဲ့​လည်း......
ဒီလူရင်​ခွင်ထဲ ၀င်​မလာရဲပဲ............
အကဲမပိုနဲ့​တော့.......ပျို................

ဘ၀ထိုထို
အို​လေသည့်​တိုင်​..........
မယိမ်းမယိုင်
ခိုင်​မြဲသစ္စာ.......
အနှစ်​မပါ​ပေမဲ့
အချစ်​ဆိုတာလည်း
ပေးဆပ်​ခြင်း​ပေမို့........
မဆုံတဲ့...မျဉ်းပြိုင်​နှစ်​​ကြောင်းလို
ထားရစ်​ခဲ့ပျို့ကို.......
ကိုယ်​...တစ်​စိမ်း​တွေလိုပဲ.........
ဆက်​၍.......ခင်​​မယ်​ပျို..................။

0 comments:

Post a Comment