Pages

Tuesday, 12 July 2016

အင်း​တော်​မြို့နယ်​၊​မော်​လူး​အုပ်​စုအမျိုးသားဒီမိုက​ရေစီ အဖွဲ့ချုပ်​ရုံး၌ (၆၉)နှစ်​​မြောက်​ အာဇာနည်​​နေ့အခမ်းအနား ကျင်းပနိုင်​​ရေး အကြို​ဆွေး​နွေးညှိနှိုင်း......

12-July-2016ရက်​​နေ့

အင်း​တော်​မြို့နယ်​၊​မော်​လူး​အုပ်​စုအမျိုးသားဒီမိုက​ရေစီ အဖွဲ့ချုပ်​ရုံး၌ (၆၉)နှစ်​​မြောက်​ အာဇာနည်​​နေ့အခမ်းအနား ကျင်းပနိုင်​​ရေး အကြို​ဆွေး​နွေးညှိနှိုင်း......

ယ​နေ့ နံနက်​(၁၀း၀၀)နာရီအချိန်
မော်​လူး​တစ်​​ဒေသလုံးကိုယ်​စားပြု​သော (၆၉)နှစ်​​မြောက်​ အာဇာနည်​​နေ့အခမ်းအနား ​စည်းကားသိုက်​မြိုက်​စွာ ကျင်းပနိုင်​​ရေး ​မော်​လူးအုပ်​စုအမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ရုံး၌ အကြိုညှိနှိုင်း​ဆွေး​နွေးပွဲ ပြုလုပ်​သည်​။

အစည်းအ​ဝေးတွင်​ပဏာမ အစီအစဉ်​များချမှတ်​နိုင်​ပြီး ဇူလိုင်​(၁၉)ရက်​​နေ့သည်​၀ါဆိုလပြည့်​​နေ့အခါနှင့်​တိုက်​​နေ၍ ဘုန်းကြီးဆွမ်းကပ်​အစီအစဉ်​အား ဇူလိုင်​(၁၈)ရက်​​နေ့သို့ တစ်​ရက်​​စောပြုလုပ်​မည်​ဖြစ်​ပြီး အ​ရှေ့​ကျောင်း၊​တောင်​​ကျောင်း၊စည်း​မော်​​ကျောင်း၊ဟဲနု​ကျောင်း၊အုန်းဒုတ်​​ကျောင်းဆရာ​တော်​ကြီးများအား အာရုံဆွမ်းကပ်​လှူမည်​ဖြစ်​သည်​။

အခမ်းအနားကို ​မော်​လူးအုပ်​စု အမျိုးသား​ဒီမိုက​ရေစီအဖွဲ့ချုပ်​ရုံးဝင်းအတွင်း၌ ပြုလုပ်ကြရန်​သ​ဘောတူဆုံးဖြတ်​သည်​။

ရံပုံ​ငွေရှာ​ဖွေ​ရေးအတွက်​ ကျန်​အုပ်​စုအသီးသီးသို့ ဗိုလ်​ချုပ်​ပုံ၊နိုင်​ငံ​တော်​သမ္မတပုံနှင့်​နိုင်​ငံ​တော်​အကြံ​ပေးပု​ဂ္ဂိုလ်​အ​မေစုပုံတို့ကို ​ဘောင်​အလှသွင်း၍​ရောင်းချခြင်းဖြင့်​ရှာကြံကြမည်​ဟုဆုံးဖြတ်​ပါသည်​။

ဌာနဆိုင်​ရာများ၊ပြည်​သူများအားဖိတ်​ကြားကာကျယ်​ကျယ်​ပြန့်​ပြန့်​ ပြုလုပ်​ကျင်းပမည်​ဖြစ်​ပြီးတက်​​ရောက်​လာသမျှ​သော ဧည့်​ပရိသတ်​အ​ပေါင်းအား ကြာဇံဟင်းခါးဖြင့်​ စတုဒိသာ​ကျွေး​မွေးမည်​ဖြစ်​၍ လာ​ရောက်​ကြဖို့ ဖိတ်​ကြားအပ်​ပါသည်​။

0 comments:

Post a Comment