အထက်ပိုင်းဒေသများ တွင် ပုံမှန်ထက် မိုးကောင်းနိုင်ပြီး မြစ်ကြီးများ စိုးရိမ်ရေမှတ်အထက် ရောက်နေ၍ ဒေသအချို့ရေဘေး အန္တရာယ်သတိပြုရန် မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးသည်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးတွင် ဇူလိုင် ၂၃ ရက်မှ ၂၉ ရက်အတွင်း ပုံမှန်ထက် မိုးကောင်းနိုင်သောကြောင့် ရေ လွှမ်းမိုးမှု သတိပြုရန်လိုကြောင်း ဒေါက်တာ ထွန်းလွင်က ပြော သည်။
လက်ရှိတွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကမ်းဘေးရှိဒေသအချို့၌ စိုးရိမ်ရေမှတ်အ ထက်ရောက်ရှိနေ၍ ကချင်ပြည် နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် မြို့နယ်အချို့ ရေလွှမ်းမိုး မှု ရင်ဆိုင်နေရသည်။ ဗန်းမော်၊ ကသာနှင့် ကောလင်းမြို့အပါအ ၀င် အထက်ပိုင်းဒေသမြို့အချို့၌ ဒေသတွင်းအစိုးရတာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့များက ရေဘေးကြိုတင်ကာကွယ်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြရသည်။
ဒေါက်တာထွန်းလွင်က ‘‘အထက်ပိုင်းမှာ မိုးကောင်းပြီး အောက်ဘက်ဒေသ မြစ်ဝကျွန်းပေါ်ဒေသ တွေမှာက ရေလွှမ်းမိုးမှုတွေရှိနေ တော့ လက်ရှိကာလမှာ ရေဘေး ကို သတိပြုဖို့ လိုတယ်’’ဟု သတိ ပေးသည်။ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မြစ်ဝကျွန်းပေါ်ဒေသများဖြစ် သော ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည် နယ်တို့တွင် ဒေသအလိုက် ရေ လွှမ်းမိုးမှုအနည်းနှင့် အများရင် ဆိုင်နေရသည်။
ဧရာဝတီမြစ်ရေသည် ဟင်္သာ တမြို့တွင် စိုးရိမ်ရေမှတ်အထက် သို့ ရောက်ရှိနေသလို ယင်းမြစ်နှင့်ဆက်စပ်နေသော င၀န်မြစ်သည်လည်း ငါးသိုင်းချောင်းမြို့၌ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေသည်မှာ ၁၅ ရက်ခန့်ရှိပြီ ဖြစ်သည်။
ငါးသိုင်းချောင်းမြို့တွင် ရေ လွှမ်းမိုးမှုဖြစ်ပေါ်နေ၍ ဒေသခံ လူဦးရေ ၃၀,၀၀၀ ခန့်အခက်အခဲ ကြုံတွေ့နေရသည်။ င၀န်မြစ်ရေမှာ စိုးရိမ်ရေမှတ်အထက်တွင် ဇူလိုင် လကုန်အထိ ရှိနေနိုင်သော ကြောင့် ဒေသခံများ ရေဘေးသတိ ပြုရန် မိုး/ဇလဌာနက သတင်း ထုတ်ပြန်ထားသည်။
ဇူလိုင် ၂၃ ရက် တိုင်းတာချက်များအရ ချင်းတွင်းမြစ်ရေမှာ ခန္တီး၊ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ကလေးဝ၊ မင်းကင်းနှင့် ကနီမြို့ တို့တွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ၍ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ဒေသများ ရေဘေးအထူးသတိပြုရန် မိုး/ဇလဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။
0 comments:
Post a Comment