Pages

Thursday, 14 July 2016

ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် (၁၄၀)ရပ်ကွက် ပျော်ဘွယ်လမ်းတွင် နေအိမ်၌ အိပ်ပျော်နေသည့် ခင်ပွန်းကို ဇနီးဖြစ်သူက ရဲတင်းဖြင့်ခုတ်သဖြင့် သေဆုံးခဲ့ကြောင်း ဒုရဲမှူးမောင်မောင် ဦးက ပြောသည်။

ဒဂုံမြို့သစ်တောင်ပိုင်း  မြို့နယ် (၁၄၀)ရပ်ကွက် ပျော်ဘွယ်လမ်းတွင် နေအိမ်၌ အိပ်ပျော်နေသည့် ခင်ပွန်းကို ဇနီးဖြစ်သူက ရဲတင်းဖြင့်ခုတ်သဖြင့် သေဆုံးခဲ့ကြောင်း ဒုရဲမှူးမောင်မောင် ဦးက ပြောသည်။

ခင်ပွန်းဖြစ်သူ အသက်(၃၃) နှစ်အရွယ် ကျော်မျိုးလင်းကို ဇူ လိုင် ၁၃ ရက် နံနက် ၅ နာရီကျော်တွင် ဇနီးဖြစ်သူ အသက်(၃၈)နှစ် အရွယ် မစုစုလှိုင်က ရဲတင်းဖြင့် ဦးခေါင်းကို ခုတ်ခဲ့ပြီးနောက် ရဲ စခန်းသို့ လာရောက်ဖမ်းဆီးခံခဲ့ ခြင်းဖြစ်သည်ဟု အဆိုပါရဲအရာ ရှိက ပြောသည်။

‘‘သူတို့ လင်မယားနှစ် ယောက် ပြောင်းလာတာ နှစ်လ လောက်ပဲ ရှိသေးတယ်။ ဧရာဝတီတိုင်းဘက်နေ ပြောင်းလာတာပါ။ ယောက်ျားဖြစ်သူက အိမ်ပြန်လာ ရင် မူးတဲ့အခါ အမျိုးသမီးကို ရိုက် တယ်။ အခုလည်း သူ့မှာ အရိုက် ခံထားရတဲ့ ဒဏ်ရာတွေ ရှိပါ တယ်။ သူသတ်ပြီး သူကိုယ်တိုင် စခန်းကို လာအဖမ်းခံတာပါ’’ဟု ဒုရဲမှူးမောင်မောင်ဦးက ပြော ကြားသည်။

အဆိုပါဇနီးမောင်နှံမှာ ဧရာ ဝတီတိုင်း မြန်အောင်တွင် နေထိုင် သူများဖြစ်ပြီး အိမ်ထောင်ကျ သည်မှာ သုံးနှစ်ခန့်ရှိကာ မိဘနေအိမ်၌ နေထိုင်ရာမှ အဆင်မပြေ၍ ဒဂုံမြို့သစ်တောင်ပိုင်းတွင် လာ ရောက်နေထိုင်သူများ ဖြစ်ကြောင်း အမှုစစ်ရဲအရာရှိက ပြောသည်။‘‘ကောင်မလေးကို အမျိုး သားဖြစ်သူက အိမ်ထဲက မထွက် ခိုင်းဘူ။ ညဘက်အိပ်ရင်လည်း ဘေးမှာ ဓားတွေ၊ တုတ်တွေထား

အိပ်တယ်ပြောတယ်။ ညကလည်းအရိုက်ခံထားရတော့ မနက်မိုး လင်းလည်း အရိုက်ခံရဦးမယ် တွေးပြီး ခုတ်သတ်လိုက်တာ’’ဟု အဆိုပါရဲအရာရှိကပြောသည်။

ခင်ပွန်းဖြစ်သူအား ရဲတင်းဖြင့် ခုတ်သတ်ခဲ့သူ မစုစုလှိုင်ကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစ ခန်းက ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှု ဖွင့် စစ်ဆေးနေကြောင်း သိရ သည်။

0 comments:

Post a Comment