ဗန်းမောက်မြို့နယ်တွင် တရားမဝင် တမလန်းသစ်များ ဖမ်းမိ
---------------------------------------------------------------
ဒီဗွီဘီ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်မှာ ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်း က တရားမဝင် တမလန်းသစ်တွေ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။
ဗန်းမောက်မြို့နယ် အုပ်ချုပ်ရေးမှူး ပြည့်ဖြိုးငြိမ်း၊ ခေတ္တ ရဲတပ်ဖွဲမှူး ရဲမှူး နေထွန်းနဲ့ မြို့နယ်သစ်တောတို့ ပူးပေါင်းပါဝင်တဲ့ အဖွဲ့က သတင်းအရ ရှာဖွေရာ က တွေ့ရှိ ဖမ်းဆီးခဲ့တာပါ။
ဗန်းမောက်မြို့နယ် အနောက်တောင်ဖက် ၃၆ မိုင်ခန့် အကွာ မံယူကြီး ကျေးရွာအနီး ပေပင်ရွာပျက် သချို င်္င်းဟောင်း တောအတွင်းမှာ ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်း အချိန် က တရားမဝင် တမလန်း ဓါးရွေတုံး ၄၂ တုံး၊ ၇.၈၉၆၂ တန် ကာလတန်ဘိုး ငွေကျပ် (၃၁) သိန်း ၅ သောင်း ၈ ထောင်ကျပ်ခန့် ပိုင်ရှင်မဲ့ ဖမ်းမိခဲ့တာ လို့ ဗန်းမောက်ရဲတပ်ဖွဲ့ က ပြောပါတယ်။
တရားမဝင် တမလန်းသစ်တွေ ဖမ်းဆီးရမိတာနဲ့ ပတ်သက်လို့ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ဘိနယ်တာဝန်ခံ တောအုပ် ဦးအောင်သိန်းဇော်နဲ့ တောအုပ် ကြည်မော်ဦးတို့ကို လွှဲပြောင်း အပ်နှံထားတယ် လို့ ဆိုပါတယ်။
သတင်းနှင့်ဓာတ်ပုံ - သီဟဆွေ (ကသာ)
0 comments:
Post a Comment