Pages

Friday, 15 July 2016

အင်း​တော်​မြို့နယ်​၊သူ​ရောင်း​ကျေးရွာ အ​ခြေခံပညာအလယ်​တန်း​ကျောင်းခွဲမှဆရာ/မများနှင့်​ ​ကျောင်းသား/သူများ စု​ပေါင်း၍ ၀ါဆိုသင်္ကန်းဆက်​ကပ်​လှူဒါန်း.......

အင်း​တော်​မြို့နယ်​၊သူ​ရောင်း​ကျေးရွာ အ​ခြေခံပညာအလယ်​တန်း​ကျောင်းခွဲမှဆရာ/မများနှင့်​ ​ကျောင်းသား/သူများ စု​ပေါင်း၍ ၀ါဆိုသင်္ကန်းဆက်​ကပ်​လှူဒါန်း.......

(၁၄.၇.၂၀၁၆)ရက်​​နေ့မနက်​(၉း၀၀)နာရီအချိန်​ သူ​ရောင်း​ကျေးရွာ အ​​ခြေခံပညာအလယ်​​တန်း​ကျောင်းခွဲမှဆရာ/မများနှင့်​ ​ကျောင်းသား/သူများစု​ပေါင်း၍ သူ​ရောင်း​ကျေးရွာဘုန်း​တော်​ကြီး​ကျောင်း၊ဒီပင်္ကရာ​မဟာ​စေတီ​တော်​ပရ၀ဏ်​အတွင်းရှိဘုန်း​တော်​ကြီး​ကျောင်းတို့မှ
ဆရာ​တော်​၊သံဃာ​တော်​များအားပင့်​ဖိတ်​ကာ
ဝါဆိုသင်္ကန်းဆက်​ကပ်​လှူဒါန်းကြသည်​။

သူ​ရောင်း​ကျေးရွာခွဲအ.လ.က​ကျောင်း၊
ကျောင်းသား​/သူ(၃၄၇​)ယောက်​တို့မှ ထည့်​ဝင်​လှူဒါန်း​သောဆန်​များ​ရောင်းရ​ငွေနှင့်​ ဆရာ/မ (၉)ဦးမှ စု​ပေါင်းထည့်​၀င်​​ငွေတို့ဖြင့်​ ဆရာမကြီး​ဒေါ်ဖြူဖြူဝင်း ဦး​ဆောင် ပြုလုပ်​​သော ၀ါဆိုသင်္ကန်းကပ်​အလှူဒါနဖြစ်​သည်​။

သူ​ရောင်း​ကျေးရွာ ခွဲအ.လ.က​ကျောင်း ခန်းမသို့ ဆရာ​တော်​၊သံဃာ​တော်​များအားပင့်​ဖိတ်​ကာ ပြုလုပ်​​သော ၀ါဆိုသင်္ကန်းကပ်​အလှူ၌ ​ကျောင်းသား/သူများနှင့်​ဆရာ/မများ ထည့်​​၀င်​လှူဒါန်း​မှုမှ ရရှိ​သော​ငွေမှာ-၁၃၈၉၀၀ ကျပ်​ဖြစ်​၍ ကုန်​ကျ​​ငွေမှာ-၁၆၂၀၀၀ ဖြစ်​သည်​။

အင်း​တော်​မြို့နယ်​၊သူ​ရောင်း​ကျေးရွာ အ​ခြေခံပညာအလယ်​တန်း​ကျောင်းခွဲမှဆရာ/မများနှင့်​ ​ကျောင်းသား/သူများ စု​ပေါင်း၍
ဝါဆိုသင်္ကန်းဆက်​ကပ်​လှူဒါန်း​မှုပုံရိပ်​များအား ​မော်​လူးပုံရိပ်​မှ တင်​လိုက်​ပါတယ်​ခင်​ဗျာ............

0 comments:

Post a Comment