တပ်ဦး ကျွံသွားရရှာသော မဘသ
======================
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ဟု အမည်ပေးထားသည့် မဘသ အဖွဲ့ဟာ ရွေးကောက်ပွဲ ပြီးတဲ့ နောက်မှာ အတော် အထိနာသွားခဲ့ရရှာပါတယ်။ ဘာသာ သာနာ မပျောက်အောင် ပြည်ခိုင် ဖြိုး ပါတီဘက် ကို မဲထည့်ကြဘို့ ပြောင်ပြောင်တင်းတင်း တနိုင်ငံလုံးကို တိုက်တွန်းခဲ့ကြပေမယ့် လူထု တရပ်လုံးက ဘယ်သူမှ ယောင်၍မျှပင် နားယောင်ခဲ့ကြခြင်း မရှိပါဘူး၊ အထင်ရှားဆုံး သာဓက ကတော့ မိတ္ထီလာလို နယ်မှာတောင် မဘသ အမာခံ ၀ီရသူ ကိုယ်တိုင် ကွင်းဆင်းပြီး ထောက်ခံမှု (endorsement) လုပ်ပေးထားတဲ့ ဒေါ်ခင်ဝိုင်းကြည်လို ကိုယ်စားလှယ်တောင် အမတ် အဖြစ် ပြန်အရွေးခံရဘို့နေနေသာသာ ရတဲ့ မဲက ဆယ်ဂဏန်းသာသာ ပဲ ရှိပါတယ်။ ကျန်တဲ့ လူတွေလည်း အယိုင်ယိုင် အလဲလဲ ဖြစ်ကုန်ကြတဲ့ အတွက် ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားခဲ့ရပါတယ်။
အခုလို ရွေးကောက်ပွဲမှာ အသင်းကြီးရဲ့ ကျဆင်းသွားတဲ့ သိက္ခာကို ပြန်ဆယ်နိုင်ရေး အတွက် အမျိုးသားရေး တံဆိပ် ပြန်ကပ်လာကြပါတယ်။ ပထမဆုံး စတင် ပြစ်ခတ်လိုက်တဲ့ အမြှောက်သံကတော့ အမေရိကန် သံအမတ် သစ်ရဲ့ ရိုဟင်ဂျာလို့ ခေါ်ဝေါ် သုံးစွဲမှုကို ကန့်ကွက် ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဒီ လို အသုံးအနှုံးမျိုး မသုံးဘို့ လူသိရှင်ကြား နီးပါး ပြောဆိုခဲ့တဲ့ အတွက် မာန်တက်လာပါတယ်။
နောက်ပိုင်းမှာ ထစ်ကနဲရှိ လမ်းပေါ်တက်လာ၊ လူမျိုးရေး မုန်းတီးမှု စကားတွေ ပြန် ပြောလာကြပြန်ပြီး ကုလသမဂ္ဂ ကိုယ်စားလှယ် ယန်ဟီလီး ရောက်နေတဲ့ အချိန် အတော်အတွင်းမှာ ဗလီတွေ နေရာ နှစ်ခု မှာ ရက်ပဲ ခြားပြီး မီးရှို့ ခံခဲ့ရပါတယ်။ ဒါ့အပြင် ခေါင်းဆောင် ဖြစ်တဲ့ သံဃာများက အများ ကြည်ညိုဘွယ် မကောင်းတဲ့ အရပ်စကားတွေ ပြောဆိုသုံးနှုံးလာတဲ့ အတွက် လူထုအကြား သို့လောသို့လော စတင် ဖြစ်ကုန်ပြီး အမာခံ ဆရာတော် တပါးဖြစ်တဲ့ ဦးပါမောက္ခက လူသိရှင်ကြား နှုတ်ထွက်လာခဲ့တဲ့ အထိ ဖြစ်လာခဲ့ပါတယ်။
အစိုးရက သေးတဲ့ အမှု ပပျောက်စေ၊ ကြီးတဲ့ အမှု ငယ်စေ သဘောမျိုး နဲ့ လိုက်လျောသီးခံ ခဲ့တာကို အားပျော့မှု အဖြစ် တလွဲ အထင်ရောက်ခဲ့ကြပါတယ်။ ၎င်းတို့ရဲ့ မူလ ရည်မှန်းချက် ဖြစ်တဲ့ NLD အစိုးရ ၆ လ နဲ့ အပြုတ်တိုက်ရေး လမ်းစဉ်ကို စွဲကိုင်လာခဲ့ာကပြီးနောက် ရန်ကုန် ၀န်ကြီးချုပ်ရဲ့ မဘသ ဟာ မလိုအပ် ဆိုတဲ့ စကားအပေါ် အကျအနကောက်ပြီး အစိုးရ တဖွဲ့လုံးက သူတို့ အသင်းကြီးကို ဒူးထောက် တောင်းပန်ရမယ်ဆိုတဲ့ ရာဇသံ ပေးတဲ့ အထိ မောက်မာ လာခဲ့ကြပါတယ်။
မဘသ အတွက် ပြန်နောက်ဆုတ် လို့ မရအောင်ကို တပ်ဦးကျွံသွားခဲ့ပြီ ဖြစ်ပါတယ်။ သာသနာရေး ၀န်ကြီးကိုယ်တိုင် မဟာသံဃ နယက အဖွဲ့ကြီးကို လျောက်ထားလာခဲ့ရတဲ့ အထိ ဖြစ်လာပါတယ်။ မယန အဖွဲ့မှလည်း မဘသ သည် သံဃာ စည်းမျဉ်းများနဲ့ ဖွဲ့စည်းထားခြင်း မဟုတ်တဲ့ အတွက် သံဃာ အဖွဲ့အစည်းမဟုတ် ကြောင်း သာမန် လူမှုရေး အသင်းအဖွဲ့သာ ဖြစ်ကြောင်း ပြောဆိုပြီး ၎င်းတို့နဲ့ ခပ်ကင်းကင်း ဖြစ်ကြောင်း လူသိရှင်ကြား ပြတ်ပြတ်သားသား ကြေငြာခဲ့တဲ့ အတွက် ဘာလုပ်ရမှန်း မသိတော့ပဲ ခုနက နိုင်ငံလုံးဆိုင်ရာ သပိတ်ကြီး ဆင်နွှဲမယ်ဆိုပြီး လေလုံးထွားခဲ့ရမှု တွေ ရှက်ရှက် နဲ့ အကြောင်းပြ ပြန်ရုတ်သိမ်းသွားခဲ့ရရှာပါတယ်။
ရှက်ရမ်းရမ်းတဲ့ အနေနဲ့ အစိုးရကို အမျိုးသမီး အာဏာရှင် အစိုးရ လို့ ထပ်မံပြီး နှုတ်လှန်ထိုး သမုတ်ခဲ့တာ တွေ့ရပါတယ်။
ထိုကဲ့သို့ ပြန်နှုတ်လို့ မရအောင် တပ်ဦးကျွံလာနေမှုကို တန်ပြန်ဘို့ သာသနာရေးဝန်ကြီးဌာနမှ ဦးစီးပြီး အမုန်စကား ဖြန့်ချီနေမှုများကို အရေးယူဘို့ စတင် ဥပဒေတွေ ရေးဆွဲနေပြီ ဖြစ်သည့်အပြင် သံဃာ စည်းကမ်းနဲ့ ညီညွတ်မှု မရှိစွာ ကျောင်းထိုင်များတွင် ခိုအောင်းနေထိုင်နေတဲ့ သံဃာများကို ဆုံးမပဲ့ပြင်ပေးဘို့ သံဃာ နယက ဆရာတော်ကြီးများကို ထပ်မံလျောက်ထားလိုက်ပြီး စတင် အရေးယူတော့မယ်လို့ အသိပေး လျောက်ထားခဲ့ပါတယ်။
ဒီစကား အတိုင်းပဲ ရန်ကုန်တိုင်း သာသာနာရေးဝန်ကြီး ဦးထွန်းညွန့်က မဟန ရဲ့ ရှင်းလင်းချက်အတိုင်း မဘသ အား သံဃာ အဖွဲ့အစည်းမဟုတ်သဖြင့် ဥပဒေ ချိုးဖေါက်သူ မည်သူကိုမဆို သက်ဆိုင်ရာ ရဲစခန်းများမှ အမှု ဖွင့် တိုင်ကြားသူ ရှိက ဖမ်းဆီးနိုင်ခွင့်ကို လမ်းညွှန်ခဲ့ပြီး ဖြစ်ပါတယ်။
အဆိုပါ အသင်းကြီးကို 'တရားမ၀င် အသင်း" အဖြစ်ကြေငြာရန်ရှိပါသလား ဆိုတဲ့ ဧရာဝတီ သတင်းဌာနရဲ့ မေးမြန်းချက်ကို ရန်ကုန်တိုင်းဝန်ကြီးမှ အဆိုပါ အသင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ နှင့် တည်ဆဲ ဥပဒေ များနှင့် ဖွဲ့စည်းထားခဲ့ခြင်း ရှိမရှိကို စစ်ဆေးပြီး မဟုတ်ပါက တရားမ၀င် ဟု ကြေငြာသွားမယ်လို့ ဖြေကြားခဲ့ပါတယ်။
နောက်ဆုံး မထင်မှတ်တဲ့ ဒေါင့် က ပါဝင်လာသူတွေကတော့ အာဏာပြန်သိမ်းပါလို့ ၎င်းတို့ တစာစာ နဲ့ ဖေ့ဘုတ် စာမျက်နှာများပေါ်မှ တောင်းဆိုခြင်း ကို ခံရတဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ဖြစ်ပါတယ်။ ရခိုင် ပြည်နယ်ရှိ ရေလွှမ်းမိုးခံ ဒေသများကို ကွင်းဆင်းကြည့်ရှု့ခဲ့ရင်းက စစ်တွေရှိ ပြည်နယ် တပ်ရင်း ခမ်းမမှာ စစ်သည်များ နဲ့ တွေ့ဆုံရာမှာ တပ်မတော်သား များ နဲ့ မိသားစု များ အနေနဲ့ ဘာသာရေး အရ အစွန်းရောက် စကား တွေ မပြောဆိုမိဘို့ နဲ့ ဘာသာMagazine သာသနာကို ပြန့်ပွားအောင် ပြုလုပ်တဲ့နေရာမှာ မျှမျှတတ ပြောဆိုကြဘို့ သတိပေးလိုက် ပြီ ဖြစ်ပါတယ်။
ဓါတ်ပုံ၊ ။ Time
HSW
0 comments:
Post a Comment