အင်းတော်မြို့နယ်၊မော်လူး ၊ပြည်သူ့အားကစားကွင်း၌ မော်လူးဒေသလုံးဆိုင်ရာအာဇာနည်နေ့ အလေးပြုခြင်းအခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည်။
(၁၆.၇.၂၀၁၆)ရက်နေ့၊ယနေ့ညနေ (၄း၀၀)နာရီအချိန် မော်လူး၊အုပ်ချုပ်ရေးမှူးရုံး၌ မော်လူးအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့် ဌာနဆိုင်ရာများ၊မော်လူးဒေသ ကျေးရွာအုပ်စု(၁၀)အုပ်စုမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊နိုင်ငံရေးပါတီဝင်များနှင့်တွေ့ဆုံပြီး (၆၉)ကြိမ်မြောက်အာဇာနည်နေ့အခမ်းအနား ကျင်းပနိုင်ရေးဆွေးနွေးကြသည်။
(၆၉)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားအား မော်လူး (အ.ထ.က) ကျောင်းမှဆရာ/မ များ၊ကျောင်းသားကျောင်းသူများ၊မော်လူးကိုယ်ပိုင်သင်တန်းကျောင်းများမှ ဆရာ/မများ၊ကျောင်းသား/သူများ၊ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊နိုင်ငံရေးပါတီဝင်များ၊ပြည်သူလူထုများပူးပေါင်းပါဝင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟုသိရပါသည်။
အလံတိုင်တစ်ဝက်လွှင့်ထူခြင်းအခမ်းအနားကို မော်လူးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ တာဝန်ယူပြုလုပ်မည်ဖြစ်ပြီး ၊မော်လူးဒေသကျေးရွာအုပ်စု(၁၀)အုပ်စုမှအာဇာနည်ခေါင်းဆောင်ကြီးများအားလွှမ်သူ့ပန်းခွေချ အလေးပြုခြင်း၊ တက်ရောက်လာသောနိုင်ငံရေးပါတီများ၊ပြည်သူများမှ ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများအားလွှမ်းသူ့ပန်းခွေချ အလေးပြုခြင်းတို့ကို မော်လူးပြည်သူ့အားကစားကွင်းကြီးအတွင်း၌ ပြုလုပ်မည်ဖြစ်သည်။
တက်ရောက်လာသောဧည့်သည်တော်များအား အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနားဖြစ်မြောက်ရေးကော်မတီမှ မုန့်နှင့်အချိုရည်ဗူးများဖြင့် ဧည့်ခံမည်ဟုသိရပါသည်။
မော်လူးမြို့ပေါ်၌ အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်သည့်နေရာမှာ ရပ်/ကျေးအုပ်ချုပ်ရေးပိုင်းမှ တာဝန်ယူပြုလုပ်သော မော်လူးဘော့လုံးကွင်းနေရာနှင့် မော် လူးအုပ်စုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ပြုလုပ်သော အာဇာနည်နေ့အခမ်းအနားနေရာ စသဖြင့်နေရာနှစ်ခု၌တစ်ချိန်ထဲကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
0 comments:
Post a Comment