မော်လူး......မင်းတာဝန်ကျေပြီ
နှစ်ပေါင်းများစွာ....မေ့ထားခြင်းခံရတဲ့ ....နေ့ထူးနေ့မြတ်တစ်ခုကို
ဒီနေ့ .....ခမ်းနားစွာလုပ်နိုင်ခဲ့လို့........။
ပြည်သူပိုင်အားကစားကွင်း.....မင်းလည်းဒီနေ့လောက်စည်ကားတာ...မကြုံဖူးလို့....အံ့သြနေရပြီမဟုတ်လား............
ပြည်သူတွေ တစ်ကယ်လေးစားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို
ဒီလို နေ့ရက်မှာ.....စုဝေးခွင့်နေရာလေးလုပ်ပေးလို့ မင်းကိုဂုဏ်ယူနေကြပြီလေ......။
၁၉ဇူလိုင်နေ့ရက်.........မင်းလည်းဖုံးကွယ်မေ့ပျောက်ထားခြင်းခံရတဲ့ အာဇာနည်နေ့လို နေ့ထူးနေ့မြတ်ကို ဖော်ထုတ်ကျင်းပကြရတဲ့နေ့တစ်နေ့ဖြစ်လို့ ဂုဏ်ယူနေလောက်ပါပြီ.............။
မော်လူးဒေသသားတွေ........
မင်းတို့အားလုံးကို ဒီနေ့လောက်စုစည်းတာ ညီညွှတ်တာ အာဇာနည်ခေါင်းဆောင်ကြီးတွေအပေါ် လေးစားဂုဏ်ပြုကြတာ တွေ့တော့ အံ့သြ၀မ်းသာမိတာ ကြက်သီးတောင်ထတယ်..........မင်းတို့ရင်ထဲမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေ မသေသေးဘူးဆိုတာ.....ဒီနေ့မြင်ကွင်းက သက်သေပဲ...........
ခင်ဗျားတို့အားလုံးကို မြင့်မြတ်ရာဘုံဘ၀ကနေ ခေါင်းဆောင်ကြီးတွေကြည့်ပြီး ကြည်နူးနေမှာအမှန်ပဲ............
ဒီနေ့ဟာ ငါတို့မော်လူးမှာ သမိုင်းဝင်တဲ့နေ့တစ်ခုပဲ........မင်းတို့အားလုံး တာဝန်ကျေတယ်............အာဇာနည်သမိုင်းကို မရိုင်းစေလို့...............။
0 comments:
Post a Comment