ကျနော်တို့မော်လူးမြို့တွင်းထွန်းညှိထားသော လမ်းမီးတိုင်များမှ မီးချောင်းများမှာ မည်သူကတာဝန်ယူပြီး လဲလှယ်တပ်ဆင်ရမည်ကို အဖြေအခုထိသဲသဲကွဲကွဲမသိကြသေးပါ.....
လွန်ခဲ့သော ကာလတစ်လျှောက်လုံးကတော့ ဘေးအိမ်နီးနားချင်း၃-၄အိမ်မှ စုပေါင်း၍ မီးချောင်းလဲလှယ်တပ်ဆင်ပေးနေကြဖြစ်သည်။
ပုံပါအတိုင်း မော်လူးမြို့တွင်း လမ်းမီးတိုင်များ၌ထွန်းညှိထားသော မီးချောင်းများကျွမ်း၍မှောင်မိုက်နေသည်မှာ တစ်လခန့်ပင်ရှိတော့မည်။ယခုအချိန်ထိ မီးချောင်းလဲဖို့
ပိုင်ရှင်မပေါ်သေးပါ။
မီးလိုင်းထိန်းသိမ်းကော်မတီတွင်ပဲတာဝန်ရှိသလော.....သို့မဟုတ် မော်လူးရပ်ကွက်သူ/သားတို့၏ တာဝန်ပေလော ......သိချင်သည်။
မီးလိုင်းထိန်းသိမ်းရေးကော်မတီတွင်စာရင်းပိတ်လက်ကျန်ငွေ..၈၇၂၁၁၄၁၄..ရှိသည်ဟု သိရပြီး ဟေလိုဂျင်မီးသီးများ လဲလှယ်ခြင်းနှင့်သာ သက်ဆိုင်သလို အောက်ပါဖြေရှင်းချက်ကို ကြည့်လျှင်သိနိုင်သည်။
(7.6.2016) ရက်နေ့ ၊မော်လူးအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သော (၂၄)နာရီ မီးလိုင်းထိန်းသိမ်းရေးကော်မတီ၏ ၀င်ငွေ/ထွက်ငွေ စာရင်းရှင်းတမ်းအစည်းအဝေးမှာ
အုန်းဒုတ်ကျေးရွာ ဦးထွန်းအောင်မှထွက်ငွေစာရင်းနံပါတ်(၆)ပါအရ လမ်းမီးလုံးလဲလှယ်ကုန်ကျစရိတ်-၁၅၁၅၀၀/ကျပ်အားရှင်းလင်းပေးစေလိုကြောင်း၊ကျေးရွာများမှလမ်းမီးများအားမိမိတို့အစီအစဉ်ဖြင့်သာ လဲလှယ်တပ်ဆင်ရကြောင်းတင်ပြရာ (၂၄)နာရီမီးလိုင်းထိန်းသိမ်းရေးကော်မတီအတွင်းရေးမှူးမှ လမ်းထောင့်များ၌ထွန်းထားသောဟေလိုဂျင်မီးသီးအနီများကျွမ်းရာလဲလှယ်တပ်ဆင်ရသဖြင့် ကုန်ကျသည့်ထွက်ငွေစာရင်းဖြစ်ကြောင်းပြန် လည်ရှင်းလင်းပါသည်။
ထို့ကြောင့် မော်လူးမြို့တွင်း ထွန်းညှိထားသော လမ်းမီးတိုင်များအားလုံး ဟေလိုဂျင်မီးသီးများ ဖြစ်ကုန်က ကောင်းလေစွ........။
0 comments:
Post a Comment