Sunday, 31 July 2016
Home »
» ရောက်တတ်ရာရာအအတွေး များ
ရောက်တတ်ရာရာအအတွေး များ
21:47
No comments
ကျု ပ်ကနွားချီးပုံနား၊ကောက်ပင်တွေ
ကြားနေပေမဲ့ စာအုပ်ပေါ်တက်၊
အင်တာနက်ထဲဝင်၊စလောင်းစင်ပေါ်
တက်လို့အစဉ်အလာကိုကျော်၊
ကမ္ဘာကြီးအားမျှော်မျှော်ပြီးကြည့်
တတ်တယ်။နားထောင်မိတယ်လေ။
အမြင်ကျ ယ်သူတွေရဲ့အသံ ကျု ပ်
နားယံကိုတိုးတိုးသဲ့သဲ့လာလာထိ
ကြတယ်။
ဘာတဲ့....
ကမ္ဘာ ကြီးကရွာကြီးတစ်ရွာဖြစ်သွား
ပြီတဲ့။ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုး။ကိုယ့်
ဘာသာ၊ကျွဲခြေရာကွက်ကနေတွယ်
တာယုံကြည်မှု၊ငါမှငါပဒေသရာဇ်
အတွေးအမြင်ဘောင်ကျ ဉ်းကျ ဉ်း
ထဲကနေမ၀ံ့မရဲစောင်းငဲ့ကြည့်လိုက်
တော့..လား..လား ကမ္ဘာ ကြီးက
တကယ့်ရွာကြီးတစ်ရွာဖြစ်ခဲ့ပါပြီ
ကော..။
ကျု ပ်တို့ကမ္ဘာမှာငါမှငါဆိုတဲ့ပုံစံဟောင်း
အတ္တဥခွံကျ ဉ်းကျ ဉ်းထဲက
လူသားတစ်ဆန်ဆန်တွေးခေါ်တတ်
ဖို့ရုန်းထွက်ရပါမည်ကော။
လူသားတွေဟာအတွေးအမြင်ကျ ယ်
လာတာနဲ့အမျှတစ်နိုင်ငံနှင့်တစ်နိုင်ငံ
ကူးလူးဆက်ဆံလာကြတယ်။စား
ဝတ်နေရေးအရရေကြည်ရာမြက်နု
ရာကိုယ်အဆင်ပြေရာသွားလာနေ
ထိုင်ကြတယ်။
ဒီလိုကူးလူးဆက်ဆံလာကြလေတော့
သူ့နိုင်ငံရောက်ရင်သူ့စည်းမျ ဉ်း
စည်းကမ်းတွေလေးစားလိုက်နာ။
ကိုယ့်နိုင်ငံဆိုလည်းဒီလိုပါပဲ။အပြန်
အလှန်လေးစားလိုက်နာကြရမယ်
လေ။ဒါဟာလူ့ယဉ်ကျေးတို့ရဲ့အပြု
အမူပဲ။
အဲဒီလိုတစ်ဦးနဲ့တစ်ယောက်အပြန်
အလှန်လေးစားခြင်း၊နားလည်ခွင့်
လွတ်ခြင်းတွေလူသားဆန်စွာလိုက်
နာကျင့်သုံးကြရမယ်။
ဒီမှမဟုတ်ပဲနားလည်ခွင့်ခြင်းတွေ
ကိုယ်ချင်းစာ ခြင်းတွေပျောက်ပြီး
မာန်တင်းနေကြရင်တော့နိုင်ငံတစ်
နိုင်ငံမှာတည်ငြိမ်အေးချမ်းမှုလည်း
ကင်းဝေးလာမှာမလွဲမသွေပါပဲ။
ဆက်ရန်
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်
0 comments:
Post a Comment