(26.12.2015) ရက်နေ့၊
🎑🎑🎑🎑🎑🎑🎑🎑🎑🎑🎑🎑
ယနေ့မန္တလေးမြို့သို့ရောက်ရှိနေကြတဲ့
ဓမ္မပါရမီအဖွဲ့သားများရဲ့
(၂၇)ရက်နေ့ပခုက္ကူ ပုဗ္ဗာရုံကျောင်းသို့ ဆွမ်းကပ်အလှူပြုလုပ်ရန် ခရီးဆက်ခြင်း ပုံရိပ်များ.........
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
မော်လူးမြို့၊ဓမ္မပါရမီ လူငယ်များအဖွဲ့မှ
ဦးဆောင်၍နယ်သူ/သားများစုပေါင်းပြီး
စစ်ကိုင်း IBECကျောင်းတိုက်၊ စစ်ကိုင်းဓမ္မမေတ္တာကျောင်းတိုက်၊ပခုက္ကူ ပုဗ္ဗာရုံကျောင်းတိုက်၊မိတ္ထီလာမြို့ရွှေဘုံသာကျောင်းတိုက်...
Saturday, 26 December 2015
Friday, 25 December 2015
အိမ်နတ်
16:51
No comments
ရောက်တတ်ရာရာ အတွေးများ
အိမ်နတ်
~~~~~~~~
မြန်မာလူမျိုးတွေရဲ့အိမ်တိုင်းအိမ်
တိုင်းနီးနီးလောက်မှာ ``အိမ်နတ် ´´
ဆိုတာကိုယုံကြည်ကိုးစားကြလိမ့်
မယ်လို့ထင်ပါတယ်။
``ဟေ့..ငါတို့အိပ်ခန်းထဲယောကျားလေးမ၀င်ရဘူး။ငါတို့အိမ်
နတ်မကြိုက်ဘူး။´´
``ဗိုက်ကြီးသည်အိမ်ခေါင်မ
ကျော်နဲ့ ငါတို့ အိမ်နတ်ကိုက်တတ်
တယ်´´
အထက်ပါစကားမျိုးတွေကိုဖွံ့ဖြိုး
မှုနောက်ကျသောရပ်ထဲရွာထဲပြော
ကြဆိုကြတာတွေတွေ့ဖူး၊ကြုံ...
မန်လည်ဒေသ၊တံခွန်တိုင်ကျေးရွာမှရှေးဟောင်းအမွေအနှစ်များ
07:07
No comments
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊အင်းတော်မြို့နယ်၊မန်လည်ဒေသ၊တံခွန်တိုင်ကျေးရွာမှ
ရှေးဟောင်း အမွေအနှစ်များ။
မန်လည်ဆိုသည်မှာ
မန်လည်ဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့သောဒေသဖြစ်၍
မြန်မာလူမျိုးအားလုံး သိကြမည်ဖြစ်သည်။
မဲဇာချောင်းရိုးတစ်လျှောက်ရှိ
ကျွန်းတော၊မော်တိတ်၊ကျွဲကောလေး၊
တာပေါ၊တံခွန်တိုင်၊မန်လည် အစရှိသော ဒေသများမှာ ရှေးယခင်ကတည်းက စာတတ်ပေတတ် အကျော်အမော် လူပုဂ္ဂိုလ် နှင့်
ဆရာတော်များပေါ်ထွန်းခဲ့ပြီး
အတော်ပင်စည်ပင်ခဲ့၍ ယဉ်ကျေးမှုအမွေအနှစ်များထွန်းကားခဲ့သော...
မန်းလေးမြို့မဟာဂန္ဓာရုံကျောင်းတိုက်သို့မော်လူးမြို့ဓမ္မပါရမီလူငယ်များရဲ့ဒုတိယအကြိမ်မြောက်ဆွမ်းကပအလှူတော်
06:57
No comments

(25.12.2015) ရက်နေ့၊
🎑🎑🎑🎑🎑🎑🎑🎑🎑🎑🎑🎑
မော်လူးမြို့၊ဓမ္မပါရမီ လူငယ်များအဖွဲ့မှ မန္တလေးမြို့၊မဟာဂန္ဓာရုံကျောင်းတိုက်သို့ ဆွမ်းကပ် အလှူတော် ပြုလုပ်ခြင်း......
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
မန္တလေးမြို့၊မဟာဂန္ဓာရုံကျောင်းတိုက်သို့ ဆွမ်းကပ်အလှူတော်ပြုလုပ်ရန် မော်လူးမြို့၊ဓမ္မပါရမီလူငယ်များအဖွဲ့မှ (၂၄-၁၂-၂၀၁၅)ရက်နေ့က စတင်ပြီး ရထားတွဲပြတ်
ယူ၍ စတင်ထွက်ခွာကြသည်။
✨✨✨✨✨✨✨✨✨✨✨✨
(၂၀၁၄)ခုနှစ်မှစတင်၍...
Thursday, 24 December 2015
မအေးချမ်းပိုင်အတွက်လှူဒါန်းငွေရရှိမှု၂၄.၁၂.၂၀၁၅ရက်နေ့အထိ
00:43
No comments

(24.12.2015 )ရက်နေ့အထိ မအေးချမ်းပိုင်အတွက် ရပ်နီးရပ်ဝေးမှအလှူငွေများလက်ခံရရှိမှု
🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀
မြင့်မြတ်နှလုံးသားပိုင်ရှင် ကမ်းလက်များ
💥💥💥💥💥💥💥💥💥💥💥💥
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊အင်းတော်မြို့နယ်၊မော်လူးမြို့၊ရပ်ကွက်(၆)နေ ဦးဆန်းအောင်+ဒေါ်ခိုင်ချိုချိုတို့၏ ပဉ္စမမြောက် တစ်ဦးတည်းသောသမီးဖြစ်သူ အရေပြားရောဂါခံစားနေရသော သမီးလေး မအေးဆန်းပိုင် အတွက် နှလုံးလှစေတနာရှင်အသီးသီးမှ...
Wednesday, 23 December 2015
ကျွန်တော်နှင့် ကျွန်တော့်မှတ်စု
16:36
No comments
ကျွန်တော်နှင့် ကျွန်တော့် မှတ်စု
အမြင်ကျယ်သူတွေကကမ္ဘာတခေါ်မျှော်လို့ကြည့်ကြတယ်။
အမြင်ကျ ဉ်းသူတွေကကျွဲခြေရာ
ကွက်ကိုသမုဒ္ဒရာလို့ထင်မှတ်မှားကြ
တယ်။
လူ့ဘဝဆိုတာသင်ယူစရာတွေ
ကအများသားလား။ကိုယ့်မှာမရှိတဲ့
အရာတွေသူ့ဆီမှာရှိနေတယ်။
ကျ ဉ်းမြောင်းတဲ့အမြင်တည်ထောင်နေသ၍ လူ့အဖွဲ့အစည်းကြီး
ဘ်ာတော့မှတိုးတက်လာမှာမဟုတ်
ဘူး။
မိတ်ဆွေဟုထင်မှတ်နေသူတို့
သည်စင်စစ်အားဖြင့်အမြဲတစေမိတ်
ဆွေမဟုတ်ပါတကား။
...
Tuesday, 22 December 2015
နားကိုမလည်ဘူး
16:34
No comments
ရောက်တတ်ရာရာ အတွေးများ
ဗုဒ္ဓဘာသာဝင်မှန်သမျှ မကောင်း
တာလုပ်ရင်မကောင်းသလိုခံရမယ်။
ကောင်းတာလုပ်ရင်ကောင်းသလို
စံရမယ်။ဒါဟာဗုဒ္ဓဘာသာဝင်မှန်သမျှ
လက်ကြလေ့ရှိပါတယ်။
တရားဥပဒေကလည်းထိုကဲ့သို့
ပင်တရားဥပဒေကိုချိုးဖောက်သူမှန်
သမျှတရားဥပဒေကအပြစ်ပေးတာ
ကိုခံကြရမယ်လို့ရေးဆွဲထားကြလေ့
ရှိပါတယ်။
မြန်မာ နိုင်ငံရဲ့နိုင်ငံတော်သီးချင်းမှာ
လည်း တရားမျှတလွတ်လပ်ခြင်းနဲ့
မသွေ လို့ဆိုထားပါတယ်။
ခုတော့ဗျာပြည်သူလူထုကမကြိုက်
တော့လို့မရွေးတော့တဲ့သမ္မတကျ
ကိုတသက်တာလုံခြုံမှုပေးရေး၊တရား
မစွဲဆိုရေးစတာတွေဥပဒေပြဌါန်းဖို့
လွတ်တော်ကိုတင်သွင်းကြသတဲ့။
...
မြင့်မြတ်နှလုံးသားပိုင်ရှင် ကမ်းလက်များ
10:33
No comments

မြင့်မြတ်နှလုံးသားပိုင်ရှင် ကမ်းလက်များ
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊အင်းတော်မြို့နယ်၊မော်လူးမြို့၊ရပ်ကွက်(၆)နေ ဦးဆန်းအောင်+ဒေါ်ခိုင်ချိုချိုတို့၏ ပဉ္စမမြောက် တစ်ဦးတည်းသောသမီးဖြစ်သူ အရေပြားရောဂါခံစားနေရသော သမီးလေး မအေးဆန်းပိုင် အတွက် နှလုံးလှစေတနာရှင်အသီးသီးမှ လှူဒါန်းမှု
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
မန္တလေးမြို့နေ ကိုထွန်းနိုင်+မခင်ထန်းဝင်း=ငါးသိန်းကျပ်
ကိုမျိုးမြင့်အောင်+မချိုမာအောင်=တစ်သိန်းကျပ်
🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀
ကသာမြို့နေ...
00:18
No comments
တရားသူကြီးချုပ်ဟောင်း ဦးအောင်တိုး စိတ်ကြိုက် ဆွဲသွားတဲ့ တရားစီရင်ရေးနဲ့ တရားရေး မဏ္ဍိုင်
Published on Sun, 12/20/2015 - 18:02

မြန်မာ့သမိုင်း၌ အရှည်ကြာဆုံး တာဝန်ယူခဲ့သော တရားသူကြီးချုပ်ဟောင်း ဦးအောင်တိုးနှင့် အမျိုးသား ညီလာခံ ကာလအတွင်း ၎င်း၏ လှုပ်ရှားဆောင်ရွက်မှုများ
“တရားရေး မဏ္ဍိုင်သည် ဥပဒေပြုရေး မဏ္ဍိုင်နှင့် အုပ်ချုပ်ရေး မဏ္ဍိုင်တို့နှင့် တူညီသော အဆင့်အတန်းဖြင့် လွတ်လပ်စွာ တည်ရှိစေရမည်။ အုပ်ချုပ်ရေးက တရားစီရင်ရေး အပေါ် လွှမ်းမိုးချုပ်ကိုင်မှု...
Monday, 21 December 2015
မော်လူးပုံရိပ်မှ ကမ်းလက်များသို့
22:53
No comments

မော်လူးပုံရိပ်မှကမ်းလက်များသို့..........
စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်၊မော်လူးမြို့၊ရပ်ကွက်(၆)နေ ဦးစောအေး+ဒေါ်ခိုင်ချိုချိုတို့၏ တစ်ဦးတည်းသောသမီးဖြစ်သူ မအေးဆန်းပိုင်မှာ ဆေးကုသဖို့ အကူအညီလိုအပ်နေကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ။
မအေးဆန်းပိုင်မှာ မွေးကတည်းက အသားအရေမှာနီရဲလွန်း၍ အနှီးပင်အသားမှထွက်သော အရည်တို့နှင့်ကပ်သဖြင့် မိခင်ဖြစ်သူမှာ အနှီးကို မကြာခဏမခွာရက်ပေ။
ထိုကလေး(၃)လသားအရွယ်မှာ...
မော်လူးကျောက်တွင်းသတင်း
18:47
No comments
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် မော်လူးဒေသမှာ ကျောက်စိမ်းတူးဖော်နေတဲ့ လုပ်ကွက်များ.........
စစ်ကိုင်းတိုင်း ကသာခရိုင်မော်လူးဒေသမှာ သက်ဆိုင်ရာက ကျောက်စိမ်းတူးဖော်ခွင့် တရားဝင်လုပ်ကွက် ၄၇ ကွက် သတ်မှတ်ပေးထားတဲ့အပြင် တရားမဝင် တူးဖော်နေကြတဲ့ ကုမ္ပဏီတွေဟာ နေ့စဉ် နေ့တိုင်း ကျောက် မိုင်းတွေခွဲပြီး စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေကြပါတယ်။
သတ္တုတွင်းဝန်ကြီးဌာနက မဟာကြယ်ကျောက်မျက်ကုမ္ပဏီ၊...
မော်လူးမြို့ရောက် ပန်းရဲ့လမ်းအဖွဲ့
09:16
No comments
မော်လူးမြို့ရောက် ပန်းရဲ့လမ်းအဖွဲ့
ယနေ့ည(၉း၁၀)နာရီအချိန် မန္တလေးမှ ကချင်ပြည်နယ်ဆွမ်ပရာဘွမ်သို့ သွားရောက်ကြမည့် ပန်းရဲ့လမ်းအဖွဲ့ မော်လူးမြို့သို့ရောက်ရှိကာ ခေတ္တရပ်နား။
ကချင်ပြည်နယ် ဆွန်ပရာဘွမ် စစ်ဘေးရှောင် တိုင်းရင်းသားများအတွက် ပန်းရဲ့လမ်းဂီတအဖွဲ့ သွားရောက်လှူဒါန်းမှုပြုကြမည်ဖြစ်သည်။
ကချင်ပြည်နယ် ဆွန်ပရာဘွမ် စစ်ဘေးရှောင် တိုင်းရင်းသားများအတွက်...
တွဲလက်များသို့.....
08:40
No comments
"မော်လူးပုံရိပ်မှ တွဲလက်များသို့တောင်းခံခြင်း"
မီးလောင်သေဆုံးသူဝင်စားတယ်လို့ ယုံကြည်နေကြတဲ့ မော်လူးမြို့မှ အရေပြားဆိုင်ရာရောဂါရှင် (ဟာဂျူလီ-ကသာ)
************
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်မော်လူးကျေးရွာ ရပ်ကွက်(၆)နေ ဦးစောအေးနှင့်ဒေါ်ခိုင်ချိုချိုတို့တွင် သားသမီး၆ယောက်ရှိခဲ့ပြီး ၅ယောက်မြောက်
သမီးမှာ မအေးဆန်းပိုင်ဖြစ်သည်၊ မအေးဆန်းပိုင်မှာ မွေးကတည်းက ခန္ဒာကိုယ်
တစ်ခုလုံးတွင်...
Sunday, 20 December 2015
ဒီပင်္ကရာမဟာစေတီတော်ပုံရိပ်များ
05:33
No comments

ဒီပင်္ကရာမဟာစေတီပုံရိပ်များ.....
မော်လူးဒေသအတွင်းရှိ ဒီပင်္ကရာ မဟာစေတီတော်မြတ်ကြီးသည် သမိုင်းဝင်စေတီတစ်ဆူဖြစ်သည်။ကိုးတိုက်နယ်လုံး ကိုးကွယ်၍လည်း ကိုးတိုက်နယ်ဘုရား ဟု နာမည်တွင်သည်။လွန်ခဲ့သောနှစ်ပေါင်းတစ်ရာကျော်ကပင် တည်ထားသော စေတီဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓပူဇနိယပွဲတော်ကိုကျင်းပလာခဲ့သည်မှာ ယနေ့အချိန်တိုင်အောင်ပင်။
တပို့တွဲလဆန်း(၁၀)ရက်နေ့ ရောက်တိုင်း...
Saturday, 19 December 2015
"(၂၀-၁၂-၂၀၁၅)ရက်နေ့ သူရောင်းကျေးရွာသို့ စုပေါင်းအမှိုက်ကောက်"
22:29
No comments

20.12.2015၊ရက်နေ့-တနင်္ဂနွေနေ့......
"ကျေးရွာပတ်ဝန်းကျင်သန့်ရှင်းသာယာဖို့ စုပေါင်းအမှိုက်ကောက်ကြစို့" ဟူသောဆောင်ပုဒ်အား လက်ကိုင်ထား၍
ယနေ့မနက်ပိုင်းတွင် သာယာလှသော သူရောင်းကျေးရွာသို့ အမှိုက်ကောက်ခြင်း ဆောင်ရွက်ကြစဉ်။
မော်လူးမှပူးပေါင်းအင်အား(၃ဝ)ကျော်နှင့် သူရောင်းဒေသခံပူးပေါင်းအင်အား(၅၀)ကျော် စုစုပေါင်းအင်အား(၈၀)ခန့် သူရောင်းကျေးရွာနှင့်...