Pages

Thursday, 10 December 2015

ချစ်​ကြည်​​ရေးဖလား​ဘော့လုံးပြိုင်​ပွဲ မံဟဲ​ကျးရွာတွင်​ကျင်းပ

(၁၀.၁၂.၂၀၁၅)ရက်​​နေ့ အင်း​တော်​မြို့နယ်​၊​မော်​လူး​ဒေသ၊မံဟဲ​ကျေးရွာအုပ်​စု ချစ်​ကြည်​​ရေးဖလား အမျိုးသား ဖိ​တ်​​ခေါ်​ဘော့လုံးပြိုင်​ပွဲဖွင့်​လှစ်။

အင်း​တော်​မြို့နယ်​၊​မော်​လူး​ဒေသ၊ မံဟဲ​ကျေးရွာ၌ ယ​နေ့ ဖွင့်​လှစ်​​သော
ဘော့လုံးပြိုင်​ပွဲ၏ရည်​ရွယ်​ချက်​မှာ ကျေးရွာအချင်းချင်း ရင်းနှီးချစ်​ကြည်​မှု ရ​စေရန်​၊မျိုးဆက်သစ်​​အားကစားသမားများ​ပေါ်ထွန်းလာ​စေရန်​၊မူးယစ်​​ဆေးဝါးသုံးစွဲခြင်းအား​ ရှောင်​ကြဉ်​၍ အားကစားစိတ်​ဓာတ်​ဖြင့်​ အချိန်​အကိုတန်​ဖိုးရှိစွာ သုံးတတ်​​စေရန်​ ဟူ​သောရည်​ရွယ်​ချက်ဖြင့်​ ကျင်းပခြင်းဖြစ်​​လေသည်​။

မံဟဲ​ကျေးရွာ ဖိတ်​​ခေါ် ချစ်​ကြည်​​ရေးဖလား​ဘော့လုံးပြိုင်​ပွဲတွင်​ ပါဝင်​ယှဉ်​ပြိုင်​သည့်​အသင်း(၂၀)သင်းရှိ၍
ပြိုင်​ပွဲအား အုပ်​စု(၄)အုပ်​စုခွဲကာ ကျင်းပကြမည်​ဖြစ်​သည်​။

အသင်းဝင်​​ကြေးအ​နေဖြင့်​ အသင်းတစ်​သင်းလျှင်​-၂၀၀၀၀ နှင့်​ ဒဏ်​​​ကြေး-၂၀၀၀၀ စုစု​ပေါင်း-၄၀၀၀၀ ထည့်​ဝင်​ရ​လေသည်။ဒဏ်​​ကြေးဆိုသည်​မှာ အနီကတ်​၊အ၀ါကတ်​၊စည်းကမ်းပျက်​ကွက်​မှုများအတွက်​ သတ်​မှတ်​ထားသည့်​အတိုင်း ဖြတ်​မည်​ဖြစ်​ပြီး စည်းကမ်းမ​ဖောက်​ဖျက်ပါက/အနီကတ်​၊အ၀ါကတ်​များ မထိ​ပါက
 ပြန်​ရမည်​ဖြစ်​သည်​။

ဒီဇင်​ဘာ အားကစားရာသီအဖွင့်​ မံဟဲ​ကျေးရွာမှ စတင်​ဦး​ဆောင်​ကျင်းပခြင်းဖြစ်​ပြီး ပါဝင်​ယှဉ်​ပြိုင်​​သောအသင်းများမှာလည်း
မော်​လူးမြို့​ပေါ်ပြည်​သူပိုင်​ကွင်းတွင်​ ကျင်းပသည်​ထက်​ပိုများ​လေသည်​။

ဆုများအ​နေဖြင့်​ ပထမ-(၃၀၀၀၀၀)ကျပ်​၊ဒုတိယ-(၂၀၀၀၀၀)ကျပ်​ နှင့်​ တတိယ-(၁၀၀၀၀၀)ကျပ်​ အသီးသီး ချီးမြင့်​​ပေးသွားမှာ​ဖြစ်​ပြီး ​မော်လူးအား/ကာထက်​ ​စော၍ ကျင်းပ​သောပွဲဖြစ်​သည်​။

အားကစားဖြင့်​ချစ်​ကြည်​ရင်းနှီးမှုတည်​​ဆောက်​​ပေးသည့်​ မံဟဲ​ကျေးရွာအုပ်​စုအား ဂုဏ်​ပြုသာအားဖြင့်​ တင်​လိုက်​ပါတယ်​ ခင်​ဗျာ။



0 comments:

Post a Comment