ရောက်တတ်ရာရာ အတွေးများ
ဓလေ့ ဆိုး
ဘုရားဟောရှိပါတယ်။
စိတ်ဆိုတာမကောင်းမှုမှာပိုပြီးမွေ့လျော်တတ်တယ်...တဲ့ ဒါကြောင့်ဖြစ်လိမ့်မယ်မကောင်းတာမှန်သမျှ ဆရာနှင့်လက်ထပ်မသင်ရပဲ သိလွယ်၊တတ်လွယ်တာတွေချည်းဖြစ်တယ်။ ဘာမှကိုအင်အားစိုက်
ထုတ်ရတာမရှိဘူး။သူ့အလိုလိုနေ
ရင်းတတ်သိလာသလားထင်ရပါ
တယ်။
ကောင်းတာတွေတတ်သိထား
ရင်မေ့ချင်မေ့ပျောက်သွးတတ်သော်
လည်းမကောင်းတာတွေများတတ်
ထားရင်တသက်လုံးမမေ့တော့။
မြတ်ဘုရားက```ဒါကောင်း
တယ်´´``ဒါမကောင်းဘူး´´လို့ညွန်
ပြထားပေမဲ့လူသားတွေက စုန်း၊
နတ်၊ဗေဒင်၊ဘိုးတော်၊မယ်တော်၊
အယူအဆ၊အစွဲအလမ်း၊အယူသည်း
ခြင်းဆိုတဲ့မကောင်းတဲ့ဓလေ့ဆိုး
တွေကိုမစွန့်ပယ်နိုင်ကြဘူး။ဒါကြောင့်ထင်ပါတယ်သာသနာနှစ်နှစ်
ထောင်ကျော်လာတာတောင်
ပဋိသန္ဓေတည်ခြင်းသံသရာမှာခေါင်း
မူးအောင်အလှည့်ခံနေကြရတာ။
တချန်တုန်းကနာဂတိုင်းရင်း
သားတွေမှာလူတွေကိုခေါင်းဖြတ်
ပြီးကိုးကွယ်တဲ့နတ်တွေကိုပူဇော်ပ
သတဲ့ဓလေ့ဆိုးရှိခဲ့တယ်လို့ဆိုပါ
တယ်။ဒါကိုစစ်ရဲတပ်ခွဲနှစ်ခုက၁၉၅၃
ခုနှစ်ခန့်မှာသွားရောက်နှိမ်နင်းခဲ့
တယ်။ပထမတော့ငြိမ်သက်သွားပါ
တယ်။ဒါပေမဲ့ဘယ်လောက်နှိမ်နင်း
သော်လည်းဘိုးဘေးဘီဘင်
ကတည်းကအရိုးစွဲနေတဲ့ဓလေ့ဆိုး
အစွဲအလမ်းကရုတ်တရက်တော့
ဘယ်ပျောက်လိမ့်မလဲ။
နာဂတွေဟာခေါင်းဖြတ်ပူဇော်
ခြင်းကိုနတ်ကြိုက်တယ်လို့ယူဆပြီး
အယူသည်းခဲ့ကြတယ်။လူခေါင်း
များများစားစား ဖြတ်နိုင်သူဟာ
မဟာသူရဲကောင်းအဖြစ်မြောက်
စားခြင်းခံရတယ်။မျိုးနွယ်စုတွေအ
လယ်မှာမျက်နှာပန်းပွင့်လှပါတယ်။
အစိုးရတွေရဲ့အကြိမ်ကြိမ်နိမ်
နင်းခံရလို့လူတွေဦးခေါင်းမဖြတ်ရ
တော့နွား၊၀က်၊ကြက်များကိုအစား
ထိုးလို့လည်လှီးသတ်ကာပူဇော်ပသ
ကြပြန်တယ်။
သူတို့နတ်တွေဟာဘယ်လိုနတ်
တွေလဲဆိုတော့လူသဏ္ဌာန်နှင့်နတ်
တွေမဟုတ်ဘူး။ဖွတ်ရုပ်၊မိကျောင်း
ရုပ်စသဖြင့်တိရိစ္ဆာန်ရုပ်တွေကများ
ပါတယ်။အဲဒီဖွတ်နတ်၊မိကျောင်း
နတ်တွေကိုပူဇော်ပသလျှင်နတ်က
မ. စသည်ဟုစွဲစွဲလမ်းလမ်းယုံကြည်
ကြတယ်။နတ်မကြိုက်တာလုပ်မိ
လျှင်သေသည်အထိအပြစ်ပေးတတ်
တယ်လို့ယုံကြည်ကြပါတယ်။
နောက်တနေ့မှဆက်ရန်
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်
0 comments:
Post a Comment