မော်လူးမြို့ရောက် ပန်းရဲ့လမ်းအဖွဲ့
ယနေ့ည(၉း၁၀)နာရီအချိန် မန္တလေးမှ ကချင်ပြည်နယ်ဆွမ်ပရာဘွမ်သို့ သွားရောက်ကြမည့် ပန်းရဲ့လမ်းအဖွဲ့ မော်လူးမြို့သို့ရောက်ရှိကာ ခေတ္တရပ်နား။
ကချင်ပြည်နယ် ဆွန်ပရာဘွမ် စစ်ဘေးရှောင် တိုင်းရင်းသားများအတွက် ပန်းရဲ့လမ်းဂီတအဖွဲ့ သွားရောက်လှူဒါန်းမှုပြုကြမည်ဖြစ်သည်။
ကချင်ပြည်နယ် ဆွန်ပရာဘွမ် စစ်ဘေးရှောင် တိုင်းရင်းသားများအတွက် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းနှင့် မန္တလေးနိုင်ငံရေးအင်အားစုများ စုပေါင်း၍ ဒီဇင်ဘာ ၁၉ ရက်က အလှူခံပြီး အထက်ပိုင်းသို့ တက်ရာယနေ့ မော်လူးမြို့သို့ မိုးညှင်းမြို့ မေတ္တာလေညှင်းအဖွဲ့နဲ့ ရောက်ရှိကာ ခေတ္တရပ်နားကြကြောင်း သတင်းရရှိပါသည်။
"ပန်းရဲ့လမ်းအဖွဲ့ဟာ မန္တလေးမှာစပြီး အလှူခံတာပါ။ မန္တလေးပြီးရင် ပန်းရဲ့လမ်းအဖွဲ့အနေနဲ့ မိုးညှင်း၊ မိုးကောင်းဘက်ကို သွားမှာဖြစ်ပြီး အထက်ပိုင်း လမ်းလျှောက်လှည့်လည် အလှူခံရင်းနဲ့ ကချင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူတွေကို သွားရောက်လှူဒါန်းမှု ပြုလုပ်သွားမှာပါ”ဟု မန္တလေးနိုင်ငံရေးအင်အားစုမှ ဦးမြင့်ချို ကပြောကြားသည်။
Monday, 21 December 2015
Home »
» မော်လူးမြို့ရောက် ပန်းရဲ့လမ်းအဖွဲ့
မော်လူးမြို့ရောက် ပန်းရဲ့လမ်းအဖွဲ့
09:16
No comments
0 comments:
Post a Comment