Pages

Monday, 7 December 2015

သံမဏိလူသား






      သံမဏိလူသား

 ဒီမိုက​ရေစီ ခရီး ကြမ်းမှာ
သမိုင်းတွင်
ကျန်​ရစ်​ခဲ့တဲ့လူသား
ကျုပ်​တို့ဂါရ၀ထားကြရမယ်။
မတရားတဲ့အမိန့်ဟူသမျှ
တာဝန်အရဖီဆန်ကြ
ေ​​​ကြွး​​ကြော်​သံညံ​စေပြီး
ထောင်​၀တ်​စုံ
အသက်​ရှူ ရပ်​သည်​ထိ
မချွတ်​ခဲ့တဲ့လူသား
ကျုပ်​တို့ဂါရ၀ထားကြရမယ်​။
လွမ်းဆွတ်​မိပါရဲ့
သူပျိုး​သောပန်း
မွှေးရနံ့ယဲ့ယဲ့ရချိန်​မှာ
သူ​မျှော်​​သောပန်းတိုင်
သူစား​စေချင်သူ​တွေရဲ့နုတ်​ခမ်း
အပြုံးပန်းလှိုင်​​နေချိန်
ူမြင်​ရရင်
သူပီတိဘယ်​​လောက်​ဖြစ်​လိုက်​မလဲ။
အ​တွေးအမြင်​ချွန်​ချွန်​​တွေနဲ့
ခင်းခဲ့​သောခရီး
ကျုပ်​တို့နားမျက်​စိကိုတခါးဖွင့်
အ​ဝေးကို​မျှော်​ကြည့်​​စေခဲ့။
ရုပ်​ခန္ဓာ​ပျောက်​​ပေမဲ့
စိတ်​၀ိဥာဉ်​ခုထိလွှမ်းခြုံ
ဒီလူသားကို
ကျုပ်​တို့ဂါရ၀ထားကြရမယ်​။

ဟံသာဝတီဦးဝင်​တင်​အလွမ်းခြင်းအမှတ်​တရ

                 ဆူးအိမ်​လှိုင်း

0 comments:

Post a Comment