Pages

Saturday 21 November 2015

လမ်းလွှဲ

လမ်းလွှဲ.......
ကျနော်ယနေ့အလုပ်ကိစ္စတစ်ခုနဲ့
မော်လူးမှမိုင်(၂၀)နီးပါးဝေးတဲ့ နားမကြိုင်း
အနောက်ကမ်းကရွာ......ခေါင်တုံးစီရွာသစ်ကိုရောက်သွားခဲ့တယ်......လမ်းပန်းဆက်သွယ်ရေးကတော့ ဆောင်းနှင့်နွေလောက်သာ အသင့်အတင့်ကောင်းတယ်လို့ ပြောရမှာပါ...မိုးရာသီဆိုရင်တော့ သွားလာလို့ လုံးဝအဆင်မပြေတဲ့ ရွာတွေပေါ့ဗျာ.....လမ်းကောင်းအုန်းတော့...ဆိုင်ကယ်လည်းကောင်းမှဖြစ်ပါမယ်....တောင်တက်တောင်ဆင်းနှင့်သဲလမ်းများရှိ၍ ဆိုင်ကယ်မကောင်းလျှင် အန္တရာယ်များပါတယ်.....ရွာကလေးမှာ
နမီးချောင်းတစ်ဖက်ကမ်း၌တည်ရှိပြီး.....
အိမ်ခြေ(၇၀)နီးပါးရှိ၍ လူဦးရေ-(၃၀၀)လောက်ရှိတဲ့ရွာငယ်လေးပါ.....
နမီးအုပ်စုထဲပါပြီး နမီးရွာနဲ့အတန်ငယ်ဝေးပါတယ်.....ကျေးလက်ဆေးပေးခန်းမရှိ....အစိုးရမူလတန်းကျောင်းလေးတော့ရှိပါတယ်....ပညာရေး၊လူမှုရေးနိမ့်ကျတဲ့ရွာလေးဆိုလဲမမှားပါ...ရွာရှိ...ဘွဲ့ရအရေအတွက်မှာ
ဆယ်ယောက်ပင်မပြည့်ပါ.....ပညာရေးနိမ့်ကျခြင်း၊ကျမ်းမာရေးအသိမရှိခြင်း၊သွားလာရန်ခက်ခြင်းများကြောင့်....(၂၀၁၅)ခုနှစ်နောက်မှာ....တော်တော်ကျန်နေတဲ့ရွာလို့ပြောနိုင်ပါတယ်.....ရွာရှိအရွယ်ရောက်သူလူရွယ်များ၊လူလတ်ပိုင်းတော်တော်များများမှာလည်း...မူးယစ်ဆေးစွဲသောသူများလေသည်...ယနေ့ကျနော်တို့နိုင်ငံတွင် မူးယစ်ဆေးအန္တရာယ်ကား..ကြောက်စရာကောင်းလှပေသည်.....လွယ်လွယ်နှင့်မည်သည့်နေရာတွင်မဆို
ဝယ်ယူရရှိနိုင်လေသည်။ယခုလိုစပါးပေါ်ချိန်....တန်ဆောင်မုန်းလတွင်ကား..... အချို့ရွာများ၌ ဘုရားပွဲတော်ကြီးကဲ့သို့ မူးယစ်ဆေးသုံးစွဲသူများဖြင့်.....စည်ကားကြလေသည်.....အချိန်မှီ...မတားဆီနိုင်.......မပြုပြင်နိုင်က လွန်စွာအန္တရာယ်ကြီးလှပေသည်....ယခုလည်း....ကျနော်ရောက်ခဲ့သောရွာမှာ....
မူးယစ်ဆေးစွဲသူများပေါများနေသည်ဟုသိရသည်မှာ....အနာဂတ်လူငယ်များအတွက်...ရင်လေးဖွယ်ရာပင်......မိဘများကထိုသို့မူးယစ်သားကောင်များဖြစ်နေကြ၍ မိမိတို့၏ကျောင်းနေအရွယ်ကလေးများရဲ့ပညာရေးကို ကောင်းစွာမဖြည့်ဆည်းပေးနိုင်....ကျောင်းဆက်မထားကြတော့ပဲ....အပြင်အလုပ်သာ......ခိုင်းကြလေသည်မှာလည်း.....မျိုးဆက်သစ်အတွက် စိတ်မကောင်းဖြစ်ရပါသည်။ ချောင်းဖျား၊မြောင်းဖျား၌
ဖားရှာ...ငါးရှာ....နေပုံကိုတွေ့မြင်ရ၍ မေးကြည့်ရင်းသိရသည်မှာ.........အိမ်ကကျောင်းမထားသောကြောင့်ဖြစ်ကြောင်းကြားသိရပါသည်။ကျောင်းနေအရွယ်ကလေးများ....ဤသို့...ပြင်ပရောက်နေကြခြင်း၏...အဓိကလက်သည်မှာ....ထိုဒေသတွင်....မူးယစ်ဆေးအဆမတန်
ပေါများခြင်းကြောင့်ဟု....ထင်မိပါသည်.......ကျနော်တို့အားလုံး....ကလေးများ၏အနာဂတ်အတွက်...မူးယစ်ဆေးအန္တရာယ်ကို...၀ိုင်းဝန်းလက်တွဲ....ကူညီဖြေရှင်းကြစို့ဟု ဆန္ဒပြုရင်း.....။



0 comments:

Post a Comment