Pages

Saturday 28 November 2015

ကန်ဒေါ်လာတန်ဖိုး မြင့်နေသဖြင့် ဆန်ဈေးကျနိုင်ခြေ မရှိသေး


ကန်ဒေါ်လာတန်ဖိုး မြင့်နေသဖြင့် ဆန်ဈေးကျနိုင်ခြေ မရှိသေး

By

သစ်​လွင်​ထူး

On

Sat, 2015-11-28 06:30

Location

မော်​လူး

အမေရိကန် ဒေါ်လာ တန်ဖိုးမြင့်တက်မှုကြောင့် ဒေသစုံမှ စပါးများပေါ် ထွက်လာသော် လည်း ပြည်တွင်းဆန်ဈေး  ကျ ဆင်းနိုင်ခြေ မရှိသေးကြောင်း ဆန်ကုန်သည်များထံမှ သတင်း ရရှိသည်။

စပါးဈေးကောင်းနေသော် လည်း စိုက်ပျိုးထုတ်လုပ်သူ လယ်သမားများ အထွေထွေကုန်ဈေး နှုန်းကြီးမြင့်မှုကြောင့်  စပါးဈေး ကျပ်လေးသိန်းခွဲအောက် ကျဆင်းလာပါက အခက်အခဲ ဖြစ်လာ မည်ဟု လယ်သမားအချို့က ပြောသည်။ ‘‘ငွေလဲနှုန်း  မာနေသရွေ့ စပါးဈေးက အများကြီး မကျနိုင်ဘူး’’ဟု ပြည်ပသို့ ဆန်တင်ပို့နေသော ကုန်သည် ဦးမျိုးသူရအေး က ပြောသည်။

ယခုနှစ် မိုးရာသီလယ်စိုက် ပျိုးချိန်တွင် နိုင်ငံခြား ငွေတန်ဖိုး မြင့်တက်မှုကြောင့် လယ်သမား များသည် ပြည်ပမှတင်သွင်းလာ သည့် ဓာတ်မြေသြဇာ၊ ပိုးသတ် ဆေးစသော သွင်းအားစုများကို ယခင်နှစ် မိုးရာသီ စိုက်ပျိုးချိန်ထက် ၃၀ ရာခိုင်နှုန်းခန့် ဈေးနှုန်းပိုပေးပြီး ၀ယ်ယူအသုံးပြုခဲ့ရသည်။

ထို့ကြောင့်  စပါးပေါ်ချိန် တွင် ယခင်နှစ်ဈေးနှုန်းထက် ပိုမ ရပါက လယ်သမားများအတွက် အခက်အခဲများစွာရှိနိုင်ကြောင်း ဓနုဖြူမြို့နယ်မှ လယ်သမားတစ် ဦးက ပြောသည်။

ပြည်တွင်း၌ စပါးဈေးနှုန်း မြင့်နေပြီး ဆန်ဈေးမှာလည်း ကျ ဆင်းမှု မရှိသဖြင့် မူဆယ်ဈေး ကွက်တွင် တရုတ်ကုန်သည်များ ထံ ဆန်ရောင်းချရာ၌ အကျိုးအမြတ်နည်းလာကြောင်း ဆန်ကုန်သည်ဦးမင်းသိန်းက ပြောသည်။

လက်ရှိမူဆယ်မြို့သို့ ပြည် တွင်းမှ နေ့စဉ်ဆန်အိတ်ရေ သိန်း နှင့်ချီ၍ တင်ပို့နေသည်။ မူဆယ် မြို့တွင် တရုတ်ကုန်သည်များ၏ တစ်ရက်ဝယ်လိုအားသည် အိတ် ရေ ရှစ်သောင်းခန့်သာရှိနေသဖြင့် မကြာမီတွင် ဈေးနှုန်းများ ကျဆင်းလာနိုင်ကြောင်း ဦးမင်းသိန်းက ၎င်း၏အမြင်ကို ပြောသည်။

ဒီဇင်ဘာသည် မြန်မာနိုင်ငံ တွင် စပါးစိုက်ပျိုးသည့် ဒေသစုံ မှ စပါးရိတ်သိမ်းချိန် ဖြစ်သော ကြောင့် ပြည်တွင်း ဈေးကွက်၌ စပါးဈေး ကျဆင်းမည်ကို လယ် သမားအချို့ စိုးရိမ်နေကြသည်။ လက်ရှိ ပြည်တွင်းဈေးကွက်တွင် စပါးဈေးသည် တင်းတစ်ရာလျှင် ကျပ်​​ခြောက်​သိန်း ဈေးရှိနေကြောင်း စုံစမ်းသိရသည်။

0 comments:

Post a Comment