Pages
Monday 30 November 2015
ဖတ်​မိသမျှကဗျာရသ
်
ဖတ်​မိသမျှကဗျာရသ
  မုံရွာမင်းသူရဆိုတာအချိုးကဗျာ
တော်​​တော်​များ​ရေးတင်​သူအဖြစ်
သတိထားမိပါတယ်​။
     ဒါ​ပေမဲ့သူ့ကဗျာတွေကတစ်​ဖက်
ကိုတိုက်​ခိုက်​​သောကဗျာ​တွေသာ
များပါတယ်​။အထူးသဖြင့်​လူထု​ခေါင်း
ဆောင်​​ဒေါ်​အောင်​ဆန်းစုကြည်​ကို
တိုက်​ခိုက်​ထားတာ​တွေအများဆုံး
လို့ဆိုရမယ်​ထင်​ပါတယ်​။
     မစ္ဆရိယစိတ်​ဆိုတာအ​တော်
ကြောက်​စရာ​ကောင်းပါလားလို့
သံ​ဝေဂရမိပါတယ်​။မစ္ဆရိယစိတ်​ဟာ
ကိုယ့်​ထက်​သာသူ​တွေကိုမလိုမုန်း
ထားဖြစ်​​ပေါ်​လေ့ရှိပါတယ်​။
      ခုလည်း မင်းသူရကလူထု​ခေါင်း
ဆောင်​ကိုမန်​လည်​ဆရာ​တော်​​ရေး
သားပြု စုခဲ့တဲ့မဃ​ဒေ၀ကျမ်းထဲက
ကောက်​နုတ်​ပြီးတိုက်​ခိုက်​ထားပြန်
ပါတယ်​။
     မိန်းမ ဖျက်​က၊ပြည်​ပျက်​တတ်​စွာ
ဆိုတဲ့စကားစုကိုညွန်းပြီးအ​မေစုကို
တိုက်​ခိုက်​တယ်​လို့ထင်​ပါတယ်​။
     တကယ်​ဆိုမန်​လည်​ဆရာ​တော်
ရဲ့စကားစုကိုလူ​တွေကလွဲမှားစွာ
အ​တွေး​ကောက်​မှားကြတယ်​လို့ဆို
ချင်​ပါတယ်​။ကိုယ်​လိုရာဆွဲ​တွေးကြ
တာလည်းပါမှာ​ပေါ့။
     ဆရာ​တော်​ရဲ့စကားစုကိုလွဲမှား
စွာမ​ကောင်းတဲ့အဓိပ္ပါယ်​ဖွင့်​​လေ့ရှိ
ကြပါတယ်​။
        ကျွန်​​တော်​တို့​ကောင်း​သောအ
တွေး၊​ကောင်း​သောအမြင်​နဲ့အဓိပ္ပါယ်
ဖွင့်​ကြရင်​​ရော။ဒီလိုဆိုရင်​​တော့မိန်း
မ​တွေဟာသူတို့မလုပ်​ချင်​မှ​နေရော
လုပ်​ချင်​ပြီဆိုကြံတိုင်းပြီးတယ်​၊
တိုင်းပြည်​ပျက်​​အောင်​ပင်​ဖျက်​နိုင်​ရင်
ထူ​ထောင်​တဲ့​နေရာမှာလည်းတူမတူ​အောင်​ထူ​ထောင်​နိုင်​တယ်​။
     အဲဒီလို​ကောင်းတဲ့ဖက်​ကယူ​သော်​ရ​ပေတယ်​။
      ဆရာစိန်​တူရဲ့ကဗျာနဲ့အဆုံး
သတ်​ပါရ​စေ။အောက်​မှာဖတ်​ကြည့်
ပါ။
ဘယ်​မှာ​မြေကြီးရှိ​ပေလိမ့်​...။
   အဖျက်​သမား
ဖျက်​ဆီးတိုင်းသာပျက်​ခဲ့ပါမူ
ဘယ်​မှာလူ့အဖွဲ့စည်းရှိ​ပေလိမ့်​...။
ကမ်းတည်​ခဲ့​သော်
ဘယ်​မှာ​ရေပြင်​ကျန်​​ပေလိမ့်​....။
   မိန်းမဖျက်​တိုင်းပျက်​စီးခဲ့လျှင်
ဘယ်​မှာဗုဒ္ဓပွင့်ပေလိမ့်​...။
                     စိန်​တူ
ဤအပတ်​ဤမျှသာ
ဘဝအ​မော​တွေ​ပြေကြပါ​စေ
                   ဘဝခရီးသည်
0 comments:
Post a Comment