Pages

Tuesday 3 November 2015

ပြောင်းလဲချိန်​တန်​ပြီ

ပြောင်းလဲချိန်​တန်​ပြီ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးအုပ်စု မဲရုံ(၁)၌ ကြိုတင်​မဲ​ပေးခြင်းကို 1.11.2015 ရက်နေ့၊ေ​မ်ာလူးအုပ်ချုပ်ေ​​ရးမှူးရုံး​တွင်​ စတင်​မဲ​ပေးကြ​ပြီဖြစ်​သည်​။
အထူးရဲများ၊ကြိုတင်​မဲ​ပေးသူများ၊မဲ​ပေးခွင့်​လက်​မှတ်​ထုတ်​ယူသူများ၊မဲစာရင်းကြည့်​သူများ၊မဲရုံကိုယ်စားလှယ်​များမဲရုံမှူးနှင့်​အဖွဲ့ဝင်​များ စသည်တို့​ဖြင့်​ အုပ်​ချုပ်​​ရေးမှူးရုံး၌ စည်​ကား​လေသည်​။မဲရုံကိုယ်​စားလှယ်​တို့၏တာဝန်​မှာ မဲရုံတွင်းသို့ ကြိုတင်​မဲလာ​ပေး​သော မဲဆန္ဒရှင်​တို့၏ အ​ခြေအ​နေ၊အခက်​အခဲတို့ကို ​စောင့်​ကြည့်​​လေ့လာရန်နှင့် မဲရလာဒ်​မှန်​ကန်​တိကျ​စေ​ရေး ကူညီ​ဆောင်​ရွက်​​ပေးရန်​ဖြစ်​သည်​။ထိုသို့​ဆောင်​ရွက်​ရန်​အတွက်​ မဲရုံတွင်းသို့
ဝင်​​ရောက်​​နေရာယူရမည်​ဖြစ်​သည်​။သို့​သော်​ထို​နေ့က စိတ်​အ​နှောက်​အယှက်​ဖြစ်​စရာ မဲရုံကိုယ်​စာလှယ်​တစ်​ချို့ ကြုံရ​လေသည်​။
မဲရုံအဖြစ်​သတ်​မှတ်​အသုံးပြု​သော အုပ်​ချုပ်​​ရေးမှူးရုံးမှာ မဲရုံတာဝန်​ရှိသူများ၊ မဲရုံမှူးနှင့်​မဲရုံကိုယ်​စားလှယ်​တို့သာ ၀င်​​ရောက်​ခွင့်​ရှိသည်​ကို မသိခြင်း​ပေ​လော..........။
မဲရုံ​လုံခြုံ​ရေးယူရ​သော အထူးရဲတို့ပင်​လျှင်​ အပြင်​စည်း၌​စောင့်​ကြရပြီး လိုအပ်​မှာသာမဲရုံတွင်းဝင်​ရ​လေသည်​။
မဲရုံဆိုသည်​မှာ တာဝန်​အရှိဆုံးက မဲရုံမှူးပင်​ဖြစ်​သည်​။အာဏာပိုင်​အဖွဲ့က မဲရုံမှူးကို မဲရုံအတွင်းဝင်​​ရောက်​စွက်​ဖက်​လို့မရပါ။မဲရုံတွင်းပင်​ခွင့်​ပြုချက်​မရှိပဲ မ၀င်​ရဆိုတာ မသိခြင်း​ပေ​လော.......။ထို​နေ့​နေ့လည်​က
အာဏာပိုင်​အဖွဲ့မှ ပုဂ္ဂိုလ်​တစ်​ဦး မဲရုံတွင်း​သို့ ၀င်​ထိုင်​​နေရာမှ မဲရုံကိုယ်​စားလှယ်​ဖြစ်​သူကို ​မောင်း​ထုတ်​ခြင်းမှာ တစ်ကယ်​​မသိခြင်း​ပေ​လော..........။နေရာတစ်​ကာ အာဏာပြချင်​​​နေ၍လော........။အကျင့်​ပါ​နေလျှင်​လည်း ဆင်​ခြင်​နိုင်​ဖို့...........​ပြောပါရ​စေခင်​ဗျာ....။
ပြောင်းလဲချိန်​တန်​ပြီ..........။


0 comments:

Post a Comment