Pages

Monday 2 November 2015

Tear of HEART

နှလုံးသား မျက်​ရည်

မမျှာ်​လင့်​ရဲဘူး​........​မေ........
မမှီတဲ့ပန်းကို မလှမ်းဝံ့သူမို့
အလွမ်း​တွေ ​ထွေး​ပွေ့လို့..........
ကြေကွဲခြင်းများစွာ​နဲ့
မြင်​​နေခွင့်ရ​​​ရင်​ပဲ
ကျေနပ်​ဆဲပါ...........​လေ...........။

မ​ခေါ်ရက်​ဘူး.....​မေ.........
မပြည့်​စုံတဲ့ဘ၀မို့
သိမ်​ငယ်​မှု​တွေ အ​ဖော်​ပြုရင်း.........
ချစ်​ခြင်း​တွေ လစ်​ဟင်းပါစေ​တော့
အပြစ်​ကင်းစွာနဲ့
ခပ်​ခွာခွာပဲ နေမဲ့သူပါ........​လေ.........။

မုန်း​လိုက်​​တော့............​မေ.......
အရှူံးသမားအဖြစ်​နဲ့
နှလုံးသားစစ်​ပွဲမှာ..........
ငါ....ရင်​နာနာနဲ့
ကြင်​နာချင်​​ပေမဲ့လဲ........
ေ​လာင်မြိုက်ဆဲ ငါ့​​အသဲကို
ရဲရဲသာ ခွဲလိုက်​​တော့​.......လေ..........။

ထွက်​သွားပါရ​စေ........​မေ...........
ငါ့နှလုံးသား ဈာပန
ပြာကျ ပြီးတဲ့​နောက်
အချစ်​တွေ ခ၀ါချလို့..............
နောက်​သို့ လှည့်​ပြန်​ရင်း
ပူပြင်းတဲ့အမုန်းဒဏ်​ကို
အရှူံးစံဘ၀မှာ
ငါ.....ရင်​မဆိုင်​ရဲလို့ပါ.......​လေ........။

ချစ်​တဲ့ ..​မေ.........သိစေဖို့ရာ.......
လက်​ကျန်​​နေ့ရက်​​တိုင်းမှာ.......
ငါ.....ရင်​​ကွဲပက်​လက်​နဲ့
လွမ်းရက်​တစ်​ချို့ကို
လက်​​ချိုး​ရေရင်း..........
ဝမ်းနည်းခြင်းများစွာနဲ့
ငို​နေဆဲပါ.......​... ​မေ...............။



0 comments:

Post a Comment