Pages
Wednesday 25 November 2015
ဖတ်​မိသမျှကဗျာရသ
ရောက်​တတ်​ရာရာ အ​တွေးများ
ဖတ်​မိသမျှ ကဗျာရသ
ဖေ့ဘုတ်​လူမှုကွန်​ယက်​စာမျက်​နာ
ပေါ်မှာတစ်​ဦးနှင့်​တစ်​ဦးအပြန်​အလှန်
ထိုးနှက်​တိုက်​ခိုက်​ကြတာကိုမြင်​ရ
တွေ့ပါတယ်​။
ကျွန်​​တော်​က​တောသားဆို​တော့
ကြမ်းတမ်းတဲ့ဘဝလမ်းကိုဖြတ်​သန်း
လာရသူပီပီအကြမ်းအရမ်းအတိုက်
အခိုက်​ကို​တော်​​တော်​ခံတွင်းလိုက်
ပါတယ်​။
ဒါ​ကြောင့်​မုံရွာမင်းသူရနှင့်​စိန်​တူဆို
တဲ့ကဗျာလက်​သင်​နှစ်​ဦးကိုသတိ
ထားကြည့်​မိခဲ့ပါတယ်​။
ပထမဆုံးအ​နေနဲ့မုံရွာမင်းသူရရဲ့မျိုး
စောင့်​ကိုကာကွယ်​မယ်​အချိုးကဗျာကို
တင်​ပြပါရ​စေ။
    မျိုး​စောင့်​ကိုကာကွယ်​မယ်
ထောင်​ထွက်​​တွေကျန်
ပါတီမှာဥာဏ်​ရည်​နဲ့သူတို့
စု​ဝေးတယ်​​လေး။
    ၈တန်း​အောင်​သူက
မျိုးဥကိုသူမြင်​​တော့
လွတ်​​တော်​မှာအမတ်​ဖြစ်​ရင်
ဖျက်​မယ်​တဲ့​လေး။
            မုံရွာမင်းသူရ
ဒါကအပြု သ​ဘောမ​ဆောင်​တဲ့ကဗျာ
ရှင်​မုံရွာမင်းသူရရဲ့ကဗျာဖြစ်​ပါတယ်​။
နောက်​တစ်​ပုဒ်​ကြည့်​ကြရ​အောင်
       လူ့အခွင့်​အ​ရေး
    အ​ဖေကိုဗန်းပြ
ကျီးမိုက်​ကဥာဏ်​ဆင်။
      နိုဘယ်​ဆုထိပ်​မှာတင်
ဘုရားပင်​သူမ​လေး
ကုလားကို​ခေါ်ကာသွင်းတယ်
လူ့အခွင့်​အ​ရေး ။
         မုံရွာမင်းသူရ
မုံရွာမင်းသူရဟာသမိုင်းကို​လေ့လာ
မှုသူလို့သတ်​မှတ်​ရမယ်​လို့ထင်​ပါတယ်​။ဘာ​ကြောင့်​ဆို​ဒေါ်​အောင်
ဆန်းစုကြည်​ဟာကုလား​တွေကို​ခေါ်
သွင်းလာနိုင်​တဲ့အခွင့်​အာဏာတစ်​ခါ
မှမရ​သေးဘူးလို့ကျွန်​​တော်​တို့မှတ်​သားရပါတယ်​။
စစ်​အစိုးရလက်​ထက်​ရှိရင်းဥပ​ဒေ​တွေကိုမ​လေးစားပဲလာဘ်​လာဘ
ရရင်​သွင်းကုန်​အဖြစ်​တင်​သွင်းသူ​တွေဟာနယ်​ကြား​စောင့်​လူဝင်​မှုကြီး
ကြပ်​ရေးအဖွဲ့မှာတာဝန်ရွှိ​​လို့ကြားဘူး
ထားပါတယ်​။မုံရွာမင်းသူရအ​နေနဲ့
တစ်​ဖက်​သားကိုတိုက်​ခိုက်​ရရင်​ပြီး
ရောဆိုတဲ့စိတ်​မထားပဲမှန်​ကန်​တဲ့
သမိုင်းအ​ထောက်​အထား​တွေကို
လည်း​လေ့လာထားတယ်​လို့အကြပြုပါရ​စေ။
        ဆင်​ခြင်​ပါ
      မျိုးဥကိုသူကမင်
လူမထင်​​စေတနာ​ကြောင့်
သူ့ဖခင်​​ရွှေခြ​င်္သေ့
ရွေး​ကောက်​မှာရှုံး။
      အမှန်​တရားလက်​မခံ
ပြန်​လှန်​ကာမြင်​မြင်​မျှ
ဝင်​ခဲကာဥာဏ်​​ပေတုံးနဲ့
ခွပ်​​ဒေါင်းကိုမုန်း။
           စိန်​တူ
       လူ့ဗာလ
       လူပင်​ငြားလည်း
လူ့အခွင့်​အ​ရေး နားမလည်
ကမ္ဘာကို​မျှော်​ကာမကြည့်
သူ့ဥာဏ်​တုံးတိ။
     ကျွဲ​ခြေရာခွက်​သမုဒ္ဒရာထင်
မဆင်​ခြင်​အမျိုးဘာသာဖုံးလို့
လူပင်​လျှင်​လူ့အခွင့်​​ရေးကို
သူ​လေမသိ။
               စိန်​တူ  
အထက်​ပါကဗျာနှစ်​ပုဒ်​က​တော့ဆရာ
စိန်​တူရဲ့ကဗျာနှစ်​ပုဒ်​ဖြစ်​ပါတယ်​။
ဆရာစိန်​တူဟာနာမည်​နဲ့လိုက်​​အောင်​​တော်​​တော်​ထုမဲ့သ​ဘောရှိပါ
တယ်​။အထက်​ပါကဗျာနှစ်​ပုဒ်​ဟာ
လည်းဆရာမုံရွာမင်းသူရကို​ဆော်
ထားတယ်​လို့ယူဆရပါတယ်​။
                ဒီတစ်​ပတ်​ဤမျှသာ
ဘဝအ​မော​တွေ​ပြေကြပါ​စေ
0 comments:
Post a Comment