Pages

Saturday 7 November 2015

တရားမျှတစွာရလာဒ်​ ထွက်​​ပေါ်လာဖို့.. ......

တရားမျှတစွာရလာဒ် ထွက်ပေါ်စေဖို့..............

မနက်ဖြန် ၂၀၁၅ခုနှစ်၊ပါတီစုံအထွေထွေရွေးကောက်ပွဲ၊ မဲပေးရမည့်ရက် ရောက်ပါပြီ....။မဲရုံတစ်ရုံမှာ မဲပေးခွင့်ရှိသူ ဦးရေကို လူ (၃၀၀) မှ(၃၀၀၀)အထိ ခွင့်ပြုထားပြီး ကျနော်တို့ မော်လူးအုပ်းစုမှာ မဲရုံ (၁)မှ(၄)အထိ (၄)ရုံရှိပါသည်။မော်လူးမဲရုံအမှတ်(၁)မှာ မဲပေးခွင့်
ရှိသူ (၂ထောင်ကျော်) ရှိပြီး၊မနက်(၆)နာရီ မှ ညနေ(၄)နာရီအထိ
မဲပေးရမည်ဖြစ်သည်။အကယ်၍(၄)နာရီအချိန်ထိ မဲပေးသည့်လူများ မကုန်သေးပါက မဲရုံဧရိယာအတွင်းရောက်ရှိသူများ အားလုံးပေးနိုင်အောင် ည(၁၂)နာရီအချိန်အထိ ခွင့်ပြုပေးရမှာဖြစ်ပါတယ်။မော်လူးမှမဲပေးခွင့်ရှိသူများ မိမိတို့၏ မဲပေးခွင့်အခွင့်အရေးမဆုံးရှူံးစေရန် သွားရောက်ပေးကြပါလို့ တိုက်တွန်းပါတယ်။

မဲပေးသည့်နေရာမှာလည်း
ပယ်မဲမဖြစ်အောင် ၀ိုင်းဝန်းပြောပေးကြပါ။

(၈.၁၁.၂၀၁၅)ရက်နေ့ မဲရုံကိုယ်စားလှယ်များ၊မဲစာရင်းသက်သေယူသည့် ပုဂ္ဂိုလ်များအား အထူးမှာလိုပါသည်။ မဲရေတွက်ပြီး မဲစာရင်းရလာဒ်ကို သိလျှင် ဖုန်းဖြင့်မှတ်တမ်းယူ၍ မိမိတို့အုပ်စု၏ မဲရလာဒ်များအား မီဒီယာစာမျက်နှာများသို့ တင်ပေးကြပါလို့ တိုက်တွန်းပါတယ်.....
အုပ်စုအသီးသီးမှ မဲရလာဒ်အမှန်များတင်ပေးကြလျှင် မသမာသော၊မဲလိမ်၊မဲခိုးနည်းများဖြင့် မဲစာရင်းအမှားများ ထုတ်ပြန်လို့မရအောင် သတိပေးရာရောက်ပါတယ်............။

မဲရုံကိုယ်စားလှယ်များအားလုံး မိမိတို့တာဝန်ကျရာမဲရုံအသီးသီးမှ
မနက်ဖြန် မဲစာရင်းရလာဒ်ကို သိလျှင်သိချင်း ပုံနှင့်တကွ တင်ကြပါလို့နှိုးဆော်ပါတယ်........
တရားမျှတစွာအနိုင်အရှူံးရလာဒ် ထွက်ပေါ်လာဖို့ ၀ိုင်းဝန်းကူညီကြပါစို့လားခင်ဗျာ.........။

0 comments:

Post a Comment