Pages

Wednesday 18 November 2015

ကထိန်​ပွဲ​တော်​...ဒို့နွဲ​ပျော်

"ကထိန်​ပွဲ​တော်​....ဒို့နွဲ​ပျော်​"

လတန်​​ဆောင်​တိုင်
ရွှန်းမြိုင်​ပါလို့.....
တို့​တောင်​သူလယ်​ရိတ်​သိမ်းတယ်
ပြုံ​ပျော်​စရာပဲ...........။

စပါး​ပေါ်ချိန်​ တောင်​သူ​မော်​လို့
လက်​ဖျား​ပေါ်​ ငွေ​ပျော်​တတ်​တာမို့
အလှူ​ရေစက်​ လက်​နဲ့မကွာ
စေတနာသဒ္ဒါထက်​သန်​လို့
တို့​တောင်​သူ​စေတနာမျိုး
မရိုးကုန်​နိုင်​ပဲ...........။

အိုးစည်​ဒိုးပတ်​သံ ဆူဆူညံနဲ့
ကထိန်​ အလှူ​ပွဲ ခြိမ့်​ခြိမ့်​သဲ
ကျင်းပမြဲ.. တို့ရိုးရာ......
အစဉ်​အလာကိုထိန်းသိမ်းပါ..........

အလှူမင်္ဂလာ ကုသိုလ်များ
ဘုရား​ကျောင်းကန်​ ရိပ်​ခိုလို့
အေးရိပ်​မှာ...နား.....။


0 comments:

Post a Comment