Pages

Saturday 21 November 2015

ကိုယ်​ထူမှ.. .ကိုယ်​ထရတဲ့​ခေတ်

ကိုယ်​ထူမှ ကိုယ်​ထရတဲ့​ခေတ်​......

လိုအပ်​ချက်​​တွေများလှတဲ့မြန်​မာပြည်​ဗျာ..."အထက်​ကလူ​တွေအလုပ်​မလုပ်​ဘူးလို့​"ပြောရင်​...ရန်​​တွေ့ခံရမယ်​....မ​ကျေမနပ်​တုန့်​ပြန်​တာခံရမယ်​.....လက်​ရှိလဲ အဲ့လိုပဲ​လေ....အနာနဲ့​ဆေး တစ်ခြားစီ ဖြစ်​​နေတာ​တွေ.......
အောက်​​ခြေက ခွက်​ပုန်းခုတ်​တာ​တွေ...
ကို​ယ့်​အတွက်​ပါမှ....လုပ်​ပိုင်​ခွင့်​ချ​ပေးတာ​တွေ.....လိုအပ်​​နေမှန်းသိလျှက်​.....လာဒ်​လာဘအ​ပေးများ​သောသူမှသာ....နီးစပ်​တာ​တွေ.......မလိုပဲဝင်​ဆွဲတာ​တွေ..........​ပြောရရင်​​တော့...မကုန်​နိုင်​ဘူး​ပေါ့ဗျာ....​မော်​လူးမှမိုင်​(၂၀)နီးပါး​ဝေး​တဲ့......နမီး​ချောင်းဖျားမှာ....​ခေါင်​တုန်းစီရွာသစ်​ဆိုတာ

ရှိ​တယ်ဗျ​။လမ်းပန်းဆက်​သွယ်​​ရေးသိပ်​မ​ကောင်းလှ........အဆိုပါရွာ​လေး၏....စုစည်းမှု...ပူး​ပေါင်း​ဆောင်​ရွက်​မှု.....စွမ်းအားကို​တော့...ကျ​နော်​အသိအမှတ်မ​ပြုပဲမ​နေနိုင်​.....ရွာ​လေးမှာအိမ်​​ခြေ(၇​၀)ခန့်​သာရှိပြီး.....လူဦး​ရေ(၃၀၀)နီးပါး​လောက်​သာရှိတာပါ...ထိုကဲ့သို့​သောရွာ​လေးမှ.....သိန်း(၁၀၀)​ကျော်​ခန့်​ကုန်​ကျ​သော.....နမီး​ချောင်​ကူးတံတားကို...ရွာသူ/သားအားဖြင့်​သာ
ငွေ​ကြေး​ရော....လုပ်​အားပါစိုက်​၍....ဖြစ်​​မြောက်​​အောင်​မြင်​​အောင်​.....တည်​​ဆောက်​နိုင်​ခြင်းမှာလည်း လေးစားစရာပင်​....
၎င်းရွာ​လေးမှာနမီး​ချောင်းက ဂငယ်​ပုံ​ကွေ့ဝိုက်​၍ ရစ်​​ခွေစီးဆင်း​နေသဖြင့်
ရွာဘယ်​​နေရာကြည့်​ကြည့်​​ချောင်းကကာဆီးထားသည်​ဟုထင်​ရ​လေသည်​....ရွာမှ....မြို့သို့အ​ရောင်းအ၀ယ်​ကိစ္စရှိသည်​ဖြစ်​​စေ...အနီးအနားရွာများသို့သွားလိုလျှင်​​စေ.....အဆိုပါ​ချောင်းကိုဖြတ်ကူးရ​လေသည်​.....​ချောင်းဖျားဖြစ်​၍ ​ရေစီးသန်​​သည်​.....
မိုးတွင်းဆို​ရေများပြီး​ရေစီးအလွန်​​ကြမ်း​​သော​ကြောင့်​...ကူးဖို့ရာအန္တရာယ်​များလှ​သည်​.....​ချောင်းကူးတံတားအခိုင်​အမာ​ဆောက်​ပါမှ.....ဆက်​သွယ်​သွားလာရန်​အဆင်​​ပြေနိုင်​​ပေမည်​......ယခင်​နှစ်​များက​ဆောက်​လုပ်​ထာ​သောတံတားမှလည်း​ ရေတိုက်​စား​မျောပါပျက်​စီး၍ မရှိ​တော့​ပေ.......
ရွာသူ/သားတို့မှာ.....ပြင်​ပအကူအညီမရပဲ.....မိမိတို့ရှိသည့်​အားနှင့်​......​ဆောက်​လုပ်​ခဲ့ကြရာ.....ယခုနှစ်​တွင်​ပုံပါအတိုင်း စု​ပေါင်းကြိုးစားမှုရလာဒ်​အဖြစ်​ခံထည်​စွာ....တံတားကြီးတစ်​စင်း​ပေါ်​ပေါက်​လာခဲ့​ပေသည်​.....​မျှေတိုင်​များ၊သစ်​များ.....အကားကျခွဲ၍ လုပ်​အားမြိုင်​မြိုင်​နှင့်​ကြိုးစားကြရသည်​....
ဘက်​ဟိုး ယန္တရား ကြီးကိုလည်း ​ရေလမ်း​ကြောင်းလွှဲရန်​နှင့်
တိုင်​ရိုက်​ရန်​....ပိုက်​ဆံ​တော်​​တော်​များအကုန်​ခံ၍ ဌားကြရ​လေသည်​.....ဤသို့.....စု​ပေါင်းအားနှင့်​ကြိုးစားမှုရလာဒ်​အဖြစ်​.....ယခုနှစ်​၂၀၁၅တွင်​ခန့်​ငြားထည်​၀ါစွာ...နမီး​ချောင်းကူးတံတားကြီး​ပေါ်ထွက်​လာ​လေသည်​...စတီးကြိုးဆိုင်းသစ်​သားတံတားကို....မည်​သည့်​အင်​ဂျင်​နီယာမှမပါပဲ.....​အောင်​မြင်​ဖြစ်​ထွန်း​အောင်​​ဆောင်​ရွက်​နိုင်​ခြင်း၏
အဓိကလူမှာ... ဦး​ဆောင်​သူ​ဖြစ်ြ​ပီး...​နောက်​လိုက်​များမှလည်း.....အားကြိုးမာန်​တက်​...​ဆောင်​ရွက်​ကြ၍ဖြစ်​​ပေသည်​.....တံတားတန်​ဖိုးစုစု​ပေါင်းကုန်​ကျစရိတ်​မှာ ကျပ်​သိန်း(၁၀၀)ကျော်​ရှိ​ကြောင်းသိရပြီး....​ခေါင်​တုံးစီရွာသစ်​မှ....ကိုယ်​ထူကိုယ်​ထ...တည်​​ဆောက်​​သောတံတားအား...
ဂုဏ်​ပြုရင်း...​ဖော်​ပြအပ်​ပါသည်​.........။



0 comments:

Post a Comment