Pages

Sunday 29 November 2015

"မော်​လူး၊N.L.D ၏ လူသားခြင်းစာနာမှုနှင့်​ကူညီမှု​"

(၂၆.၁၁.၂၀၁၅)ရက်နေ့ က မီးဘေးသင့်ခဲ့သော မော်လူးမြို့၊မြလာလာရပ်ကွက်နေ ဦးဘရန်ရှောင်(ရုံပိုင်လေး၊နဘား) မိသားစုအား ထောက်ပံ့ငွေနှင့်အိမ်သုံးပစ္စည်းများ
သွားရောက်ပေးအပ်။

(28.11.2015) ရက်နေ့၊ ညနေ(16း23) နာရီအချိန်တွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊မော်လူး မှ ပါတီဝင်များနှင့် စေတနာရှင်များစုပေါင်း၍ မြမာလာရပ်ကွက်၊မီးဘေးသင့်အိမ်ထောင်စု ဦးဘရန်ရှောင် အား ထောက်ပံ့ငွေနှင့် အိမ်သုံးပစ္စည်းများ သွားရောက်ပေးလှူကြပြီး အားပေးစကား ပြောကြားကြသည်။

မြို့ပေါ်ရပ်ကွက်အချို့ နှင့် အခြားလူမှုရေးအဖွဲ့များမှလည်း လာရောက် ကူညီလှူဒါန်းကြကြောင်း
ကြားသိရ၍ အိမ်ရှင်ကိုယ်စား ၀မ်းမြောက်ရပေသည်။

လတ်တလောဒုက္ခရောက်သူကို
ဝိုင်းဝန်းကူညီကြသည့် အစဉ်အလာမှာ ကျနော်တို့လူ့အဖွဲ့အစည်း၏ မွန်မြတ်သောအလုပ်ပင်ဖြစ်သည်။

အိမ်ရှင်ဦးဘရန်ရှောင်မှလည်း ၀မ်းသာကျေးဇူးတင်ကြောင်းကျနော်တို့အဖွဲ့အားပြောကြားရင်း စေတနာတို့ရောင်ပြန်ဟပ်၍ ကြည်နူးရသောညနေခင်းတစ်ခုမှာ မုဒိတာပွားနိုင်ကြစေရန် တင်လိုက်ပါသည်ခင်ဗျာ။

ယနေ့သွားရောက်လှူဒါန်းသောစာရင်းမှာ

စုပေါင်းထည့်ဝင်ငွေ......၈၀၀၀၀/ကျပ်
ဓာတ်ဗူး...............................၁ လုံး
ပန်ကန်ပြား........................၂၀ ချပ်
ဆန်..................................၁၀ ပြည်
ဆပ်ပြာများ၊ဇွန်းနှင့်ပန်ကန်လုံး
တို့ကို
သွားရောက်လှူဒါန်းပေးကြပါသည်။



0 comments:

Post a Comment